Thursday, December 19, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယညစာစားပွဲသို့ တက်ရောက်




Image may contain: 18 people, people standing and wedding
နေပြည်တော် ဒီဇင်ဘာ ၁၈




ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများ စုပေါင်း ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းပွဲတော်နှင့် မိတ်သဟာယညစာစားပွဲကို ယနေ့ ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် ဇနီး ဒေါက်တာရွှေလွှမ်းတို့ တက်ရောက်ကြသည်။
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ဇနီး ဒေါ်ရင်မေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဇနီး ဒေါ်နန့်ကြင်ကြည်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီး ဒေါ်ဌေးရီ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဇနီး ဒေါ်သိန်းယဉ်ချေ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့ ၏ ဇနီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ဇနီး များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဂိုဏ်းချုပ်ဆရာတော် ကြီးများ၊ သိက္ခာတော်ရဆရာတော် များ၊ ခရစ်ယာန်အသင်းတော်များမှ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ် အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာအေးမင်းက ပဏာမ ဆုတောင်းပေးသည်။
ထို့နောက် မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာ တော်ရ ဒေါက်တာမောရစ်လျံနာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ခရစ္စမတ်နှုတ်ခွန်း ဆက် အမှာစကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သာသနာပိုင်ချုပ် စတီဗင် သန်းမြင့်ဦးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်အကြီး အကဲများနှင့် နိုင်ငံသူနိုင်ငံသားများ အတွက် မေတ္တာပို့ ဆုတောင်း ပေးသည်။
ထို့နောက် မြန်မာနိုင်ငံ ခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ချုပ် သိက္ခာတော်ရ ဆရာဦးနိုနို၊ မြန်မာနိုင်ငံ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်မှ သိက္ခာတော်ရ ဆရာဦးမျိုးဝင်းနှင့် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ Father , Lucus Suan Za Lian တို့က သမ္မာကျမ်းစာ များကို ဖတ်ကြားကြသည်။
ယင်းနောက် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာမှ လက်ထောက် ဆရာတော်ကြီး ဆရာတော် ဂျွန်စောယောဟန်က ခရစ္စမတ်ဒေသနာကို ဟောကြားပြီး မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် များကောင်စီ အထွေထွေအတွင်းရေး မှူး သိက္ခာတော်ရဆရာ မန်းပါမာ စတန်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ခရစ်ယာန် အသင်းတော်ပေါင်းစုံ အဖွဲ့ချုပ်ကြီး များကိုယ်စား မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ ဆရာတော် ဂျွန်မန်းဆိန်းဟီ က ခရစ္စမတ်လက်ဆောင်ပေးအပ် သည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ခရစ်ယာန်အသင်းတော်ပေါင်းစုံ အဖွဲ့ ချုပ်ကြီးများအား ခရစ္စမတ် လက်ဆောင်ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်း အနားသို့ တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ယင်းနောက် မြန်မာနိုင်ငံ ခရစ် ယာန်အသင်းတော်များ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဂိုဏ်းချုပ်ဆရာတော်ကြီး ဦးမြတ်ဆန်းက ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက “ယေရှု ကြွလာတော်မူကျူး”ဓမ္မတေးသီချင်း ကို သီဆိုချီးမွမ်းကြသည်။
ထို့နောက် မြန်မာနိုင်ငံ ခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာ တော်ရ ဆရာ ဦးအောင်သက်ညွန့်၏ ကောင်းချီးပေးခြင်းအားဖြင့် အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် အခမ်းအနား သို့ တက်ရောက်လာကြသူများသည် မိတ်သဟာယညစာကို အတူတကွ သုံးဆောင်ကြသည်။
သတင်းစဉ်

No comments:

Post a Comment