Sunday, November 24, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ အီတလီနိုင်ငံ Trieste နှင့် Milan မြို့များတွင် ကျင်းပသည့်အစည်းအဝေးများသို့ တက်ရောက်




Image may contain: 5 people, indoor
နေပြည်တော် နိုဝင်ဘာ ၂၃



ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ပြုလုပ်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲနှင့် နိုဝင် ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အီတလီ နိုင်ငံ Trieste နှင့် Milan မြို့များတွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲနှင့် တတိယအကြိမ် Belt and Road Summit သို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၁၉ ရက်တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Mouvement des Entre- prises de France (MEDEF) ၌ကျင်းပ သည့် ပြင်သစ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သည် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ် နှံမှု လုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိရာ ပြင်သစ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုကြောင်း၊ မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား လျှပ်စစ်၊ စွမ်းအင်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍ၊ ရေအရင်းအမြစ်နှင့် ပတ်ဝန်း ကျင် သစ်တောစီမံခန့်ခွဲရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်လိုကြောင်းနှင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများနှင့် ရင်းနှီး မြှုပ်နှံမှု ဦးစားပေးကဏ္ဍများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ပြည်ထောင်စုဝန်ကြီးသည် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် Prospective and Innovation Foundation ဥက္ကဋ္ဌ Mr. Jean Pierre Raffarin ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Jean Yves Le Drian ၊ ဝန်ကြီးချုပ် ၏ သံတမန်ရေးရာ အကြံပေး Mr. Bertrand Lortholary တို့နှင့် တွေ့ဆုံ ခဲ့သည်။ အလားတူ ပြည်ထောင်စု ဝန်ကြီးသည် Business France မှ ညွှန်ကြားရေးမှူးချုပ်၊ French Development Agency (AFD) မှ ဒါရိုက်တာ၊ Total ရေနံကုမ္ပဏီ၏ Exploration-Production Division ဌာန အထွေထွေမန်နေဂျာနှင့် Electricite de France (EDF) ဒုတိယ ဥက္ကဋ္ဌတို့နှင့် သီးခြားစီတွေ့ဆုံခဲ့၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသောင်း ထွန်းသည် နိုဝင်ဘာ ၂၁ ရက်တွင် အီတလီနိုင်ငံ Trieste မြို့တွင် ကျင်းပသည့် တတိယအကြိမ် Belt and Road Summit သို့ တက်ရောက်ခဲ့သည်။ ဆွေးနွေး ပွဲကို အီတလီနိုင်ငံ European House-Ambrosetti ၊ China Development Institute တို့ ပူးပေါင်းကြီးမှူး ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အာရှ၊ ဥရောပနှင့် အာဖရိကနိုင်ငံ ကိုးနိုင်ငံတို့မှ အစိုးရကိုယ်စားလှယ် များ၊ စီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်ပေါင်း ၁၈၀ ကျော် တက်ရောက်သည်။
စကားဝိုင်း ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက “Bringing the belt and road to the next phase: moving factories not goods” အစီအစဉ်တွင် Keynote Speaker အနေဖြင့် ပါဝင်ခဲ့ပြီး Belt and Road အစီအစဉ်တွင် ပါဝင်သည့် နိုင်ငံအားလုံးအတွက် အခွင့်အလမ်း များ၊ ဖြစ်ပေါ်လာမည့် ရှေ့အလား အလာများ၊ ဒေသတွင်း စီးပွားရေး ပူးပေါင်းမြှင့်တင်နိုင်မည့် အခြေအနေ များနှင့် တရုတ်၊ မြန်မာနှင့် အီတလီ နိုင်ငံတို့အကြား စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်နိုင်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် အီတလီနိုင်ငံ Milan မြို့၌ အီတလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Ivan Scalfarotto ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပြင်သစ် ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြင်သစ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇေယျ၊ အီတလီခရီးစဉ်၌ အီတလီနိုင်ငံ သံရုံးယာယီတာဝန်ခံ ဒေါ်လင်းမာလာလွင်တို့ ကိုယ်စားလှယ် အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုးမြင့်အောင် လိုက်ပါ ခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment