Monday, November 25, 2019

အားနည်းသူကို ဖေးမကူညီ

အယ်ဒီတာ့အာဘော်
-----------------------

ယနေ့သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနေ့ဖြစ်သည်။ အားနည်းသူအမျိုးသမီးများဟု ရည်ညွှန်းထား သည်ဖြစ်၍ အားနည်းသူ ကလေးသူငယ်များနှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းချို့တဲ့သူ အမျိုးသားများလည်း ပါဝင်သင့်ပေသည်။ ယခုလှုပ်ရှားမှုသည် အမျိုးသမီး နှင့် အမျိုးသမီးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးလှုပ်ရှားမှု ဖြစ်ရာ ကျား၊ မ၊ ကြီး၊ ငယ်မခွဲခြားဘဲ အားနည်းသူများ အကြမ်းဖက်ခံရမှုတို့မှ အဆုံးသတ်နိုင်ရေးကိုလည်း ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။
လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု စသည့်အမှုတို့တွင် အကြမ်းဖက်မှုများ လည်း ပါဝင်နေရာ ယင်းအမှုများတွင် အမျိုးသမီးကြီး၊ ငယ်များသာမက ကလေးသူငယ်များ၊ အမျိုးသားကြီး၊ ငယ်များလည်း ပါဝင်နေသည်ကို တွေ့ရ မည်ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို၊ မည်သည့်ကိစ္စတွင်မဆို အကြမ်း ဖက်ခြင်း၊ အနိုင်ကျင့်ခြင်းသည် ဆိုးရွားရက်စက်သော အမှုကိစ္စများဖြစ်၍ ဝိုင်းဝန်းဆန့်ကျင် တားဆီးကြရမည်ဖြစ်သည်။
ယခု အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ရေးနေ့ကို တစ်ကမ္ဘာလုံးတွင် ကျင်းပပြုလုပ်ကြမည်ဖြစ်ပြီး ကျား၊ မအခြေပြုသည့် အကြမ်းဖက်မှုများဆန့်ကျင်ရေးအတွက် ၁၆ ရက် ကြာ စတင်လှုပ်ရှားမှုဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက မသိနားမလည်သော လူငယ်တစ်ဦး လူကုန်ကူးခံရပြီး ပင်လယ်ပြင်ရှိ ကျားဖောင်ပေါ်၌ နှိပ်စက် ညှဉ်းပန်းခံရသည့်ဖြစ်စဉ်တစ်ခုကို စိတ်မချမ်းမြေ့ဖွယ် ကြားသိခဲ့ရသည်။ အကြမ်းဖက်ခံရမှုများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင်လည်း အဖြစ်အများဆုံး လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်။
အကြမ်းဖက်ခံရမှုဖြစ်စဉ်များသည် ကျူးလွန်ခံရသူများအတွက်သာမက ၎င်းတို့၏ မိသားစုအသိုင်းအဝိုင်းများအတွက်ပါ ကြီးမားဆိုးရွားသည့် အကျိုးသက်ရောက်မှုများရှိပြီး လူ့အဖွဲ့အစည်း၏ အလွှာအားလုံးအပေါ်တွင် လည်း အကျိုးသက်ရောက်မှုများရှိနေသည်။ ကျား၊ မ အခြေပြုအကြမ်းဖက်မှု သည် ဆိုးရွားမှုအတိုင်းအတာအလိုက် ထိပါးနှောင့်ယှက်မှု၊ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အဓမ္မပြုကျင့်မှု၊ လူကုန်ကူးမှုမှ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် သွေးထွက်သံယိုမှု၊ အသက်ဆုံးရှုံးမှု စသည်တို့ပါဝင်သည်။
ခေတ်မမီတော့သည့် ကျား၊ မ ဖြစ်မှုဆိုင်ရာစံနှုန်းများ၊ ဘက်လိုက်မှုများ၊ ထိရောက်မှုမရှိတော့သည့် ဥပဒေများ၊ မူဝါဒများနှင့် အားနည်းသောလူမှု အဖွဲ့အစည်းများသည် ကျား၊ မ ဖြစ်မှုတို့အပေါ်တွင်အခြေခံသည့် အကြမ်းဖက်မှု များကိုသက်ဆိုးရှည်စေပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမျိုးသမီး သုံးဦးတွင် တစ်ဦးသည် မတော်မတရားမှုတစ်ခုခုကြုံတွေ့နိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါစိန်ခေါ်မှုများသည် မြန်မာနိုင်ငံအပါအဝင် နိုင်ငံ အားလုံးနှင့်သက်ဆိုင်နေပြီး မြန်မာနိုင်ငံအခြေအနေထက် ပိုမိုဆိုးရွားသည့် နိုင်ငံများစွာရှိနေသည်ကို လေ့လာကြည့်နိုင်သည်။
အဓမ္မကျူးလွန်မှုများ၊ အဓမ္မအကြမ်းဖက်မှုများမှာ လူ့အသိုက်အဝန်း တွင် အနည်းနှင့်အများ ရှိနေမည်ဖြစ်ရာ နည်းနိုင်သမျှနည်းပြီး ပပျောက် သွားရန်၊ လုံးဝအဆုံးသတ်သွားရန် အသိအမြင်ပေး လှုပ်ရှားမှုများသာမက ကိုယ်ကျင့်တရားတည့်မတ်ခိုင်မာရေး၊ ဆိုင်ရာ ဘာသာတရားအဆုံးအမများကို လေးစားလိုက်နာရေးတို့ကိုလည်း ဝိုင်းဝန်း စည်းရုံးဆောင်ရွက်ပေးကြရမည် ဖြစ်သည်။ ထို့အပြင် ဥပဒေပိုင်းဆိုင်ရာမှ လည်း ထိရောက်စွာဆောင်ရွက်ပေးပြီး လူမှုအသိုက်အဝန်းမှလည်း ဝိုင်းဝန်းကူညီထိန်းသိမ်းစောင့်ရှောက်ပေးရ မည်ဖြစ်သည်။ မည်သည့်အကြမ်းဖက်မှုမဆို ဖြစ်စဉ်ဖြစ်ပွားရသည့် အဓိကအချက်သည် ဖြစ်ပွားနိုင်သည့် ပတ်ဝန်းကျင် အနေအထားဖြစ်သည်မှာ ထင်ရှား၍ ယင်းကို အားလုံးသတိထားရမည် ဖြစ်သည်။
သို့ဖြစ်ရာ အမျိုးသမီး ကြီး၊ ငယ်များ အပါအဝင်ဖြစ်သည့် အားနည်းသူ များအားလုံး ဥပဒေနှင့်မညီသည့် အကြမ်းဖက်အနိုင်ကျင့်ခံရမှုများမှ ကင်းဝေးရေး အတွက် ထိရောက်သည့်ဥပဒေ၊ တက်ကြွသည့်လူမှုလှုပ်ရှားမှု၊ နိုးကြားသည့် အသိစိတ်ဓာတ်ကိုယ်စီကြွယ်ဝရေးအတွက် သက်ဆိုင်ရာတို့နှင့် လူမှုအသိုင်းအဝိုင်းအားလုံးတို့က ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ကြရ မည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment