Sunday, November 24, 2019

မြန်မာ့မီးရထား၏ ၂၀၁၈-၂၀၁၉ ခုနှစ် နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




နေပြည်တော် နိုဝင်ဘာ ၂၃



မြန်မာ့မီးရထား၏ ၂၀၁၈-၂၀၁၉ ခုနှစ် နှစ်ပတ် လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် နေပြည်တော်ဘူတာကြီး ရှိ ပုဗ္ဗသီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာ့မီးရထားသည် ယခုအချိန်တွင် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်နေသည့်အတွက် နိုင်ငံတကာမှ ပညာရှင်များ၏ နည်းပညာများ၊ လုပ်ငန်း ဆောင်ရွက်ရာတွင် ကောင်းမွန်သော လုပ်ငန်း ဆောင်ရွက်ချက်များကို မိမိတို့ဝန်ထမ်းများမှကြိုးစားလေ့လာပြီး လိုက်ပါတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ရထား လမ်းများအားလုံးကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်သော်လည်း အရေးကြီးသည့် လမ်းကြီး လေးခုကိုသာ အဓိကထား ပြုပြင်ဆောင်ရွက် နေရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြီးခဲ့သည့်ဆောင်ရွက်ချက်များကို သင်ခန်းစာ ယူပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း များကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ အရာထမ်းများအနေဖြင့် မိမိတို့ လက်အောက်ရှိ ဝန်ထမ်းများအားလုံးကိုလည်း ပကတိအခြေအနေမှန်များကို သိရှိနိုင်ရန် ရှင်းလင်းပြရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ ၏ အခွင့်အရေး၊ အခက်အခဲများကို သိရှိသော် လည်း အလုံးစုံပြည့်စုံအောင် ချက်ချင်း ဆောင်ရွက်မပေးနိုင်ခြင်းကို ဝန်ထမ်းများမှ နားလည်ပေးစေလိုကြောင်း မှာကြား သည်။
ဆက်လက်၍ မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူးက အမှာစကားပြောကြား သည်။
ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူးက ရထားစီးခရီးသည် ကနေဒါနိုင်ငံသူ၏ ကျောပိုးအိတ် ခိုးယူသွားသည့် တရားခံအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက် ခဲ့သည့် ဦးယဉ်ထွေးနှင့်အဖွဲ့၊ ဂုတ်ထိပ်ရုံပိုင်နှင့် ရထားရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်သူ ဦးစီးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ထို့နောက် တိုင်းအလိုက် တာဝန်ရှိသူ များက လုပ်ငန်းသုံးသပ်ချက်များ၊ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လုပ်ငန်းလိုအပ် ချက်များအား တင်ပြဆွေးနွေးကြပြီး မြန်မာ့ မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက လိုအပ် သည်များ ဖြည့်ဆည်းမှာကြားဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထား၏ နှစ်ပတ်လည်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက် အထိ နှစ်ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment