Friday, November 15, 2019

အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် နေရူး၏ နှစ် ၁၃၀ ပြည့်မွေးနေ့ပွဲ အိန္ဒိယ၌ ကျင်းပ
No photo description available.
နယူးဒေလီ နိုဝင်ဘာ ၁၄
အိန္ဒိယနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟ လာနေရူး၏ နှစ် ၁၃၀ ပြည့် မွေးနေ့ပွဲကို အိန္ဒိယနိုင်ငံတွင် ကြာသပတေးနေ့က ကျင်းပ သည်။ ၁၈၈၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် မွေးဖွားခဲ့သည့် နေရူးသည် ၁၉၄၇ ခုနှစ် ဩဂုတ်လမှ ကွယ်လွန်ချိန် ၁၉၆၄ ခုနှစ် မေလ အထိ အိန္ဒိယဝန်ကြီးချုပ်အဖြစ် ၁၇ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့သည်။
နေရူးသည် ကလေးများအပေါ် အထူး သံယောဇဉ်ကြီးမားသူဖြစ်သဖြင့် ၎င်း၏မွေးနေ့ ပွဲကို ကလေးများနေ့အဖြစ် နှစ်စဉ်ကျင်းပ သည်။ လက်ရှိဝန်ကြီးချုပ် နာရန်ဒရာမိုဒီက နေရူး၏ မွေးနေ့ပွဲအခါသမယတွင် မိမိတို့၏ ယခင်ဝန်ကြီးချုပ် ပဏ္ဍိတဂျဝါဟလာနေရူးကိုချီးကျူးဂုဏ်ပြုကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။
နေရူးသည် အိန္ဒိယနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံးပါတီဖြစ်သည့် အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီ၏ ပါတီဝင်ဖြစ်ခဲ့ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ဇော်လင်း

No comments:

Post a Comment