Friday, November 15, 2019

ဆီးရီးယားနှင့် အက်စ်-၄၀၀ ဒုံးခွင်းစနစ်အရေး အမေရိကန်သမ္မတ ထရန့်နှင့် တူရကီသမ္မတ အာဒိုဂန်တို့ ဆွေးနွေး
No photo description available.
ဝါရှင်တန် နိုဝင်ဘာ ၁၄
တူရကီနိုင်ငံက ကာ့ဒ်တိုက်ခိုက်ရေးသမားများအပေါ် စစ်ဆင်ရေးဆင်နွှဲမှုရပ်တန့်ပြီးနောက် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းအခြေအနေမှာ တည်ငြိမ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီး ထိုဒေသမှ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွာသည့် ၎င်း၏ဆုံးဖြတ်ချက် ကို ခုခံကာကွယ်လိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယမန်နေ့က အိမ်ဖြူတော်၌ တူရကီသမ္မတ ရီဆက်တေယက် အာဒိုဂန် နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေး ကျင်းပနေကြောင်း ထရန့်က ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ စစ်ဆင်ရေးရပ်ဆိုင်းမှုအတွက် အာဒိုဂန်ကို ကျေးဇူးတင် ကြောင်း၊ ယခုကဲ့သို့ရပ်ဆိုင်းခြင်းသည် အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် အထောက် အကူပြုကြောင်း ဒေါ်နယ်ထရန့်က ပြောကြားသည်။ အမေရိကန်နိုင်ငံသည် အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်ရာ တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကာ့ဒ်အဖွဲ့နှင့် အလွန် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ထရန့်က ဆက်လက်ပြောကြားသည်။
တူရကီနိုင်ငံအနေဖြင့် ကာ့ဒ်အဖွဲ့နှင့် မည်သည့် ပြဿနာမျှမရှိခဲ့ဘဲ ကာ့ဒ်တပ်ဖွဲ့ရှိ အကြမ်းဖက်သမားများ နှင့်သာ ပြဿနာများရှိခဲ့ကြောင်း အာဒိုဂန်က ပြောသည်။ ရုရှားလုပ် အက်စ်-၄၀၀ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူ ရေးစီမံချက်ကို တုံ့ပြန်မှုအနေဖြင့် အမေရိကန်နိုင်ငံက တူရကီနိုင်ငံသို့ အက်ဖ်-၃၅ ကိုယ်ပျောက်ဂျက်တိုက် လေယာဉ်များ ပေးပို့မှုကို ရပ်ဆိုင်းခဲ့သည်။ အမေရိကန်နိုင်ငံ အတွက် ကြီးမားသောစိန်ခေါ်မှုများဖြစ်စေခဲ့သည့် ရုရှား နိုင်ငံထံမှ အက်စ်-၄၀၀ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူ မည့်အစီအစဉ် စွန့်လွှတ်ရန် ထရန့်က အာဒိုဂန်ကို တိုက်တွန်း ခဲ့သည်။ အက်စ်-၄၀၀ ဒုံးကျည်ကာကွယ်ရေးစနစ် ဝယ်ယူ ရေးကိစ္စကို ဆွေးနွေးမှုဖြင့်သာ ဖြေရှင်းနိုင်ကြောင်း၊ အခြေ အနေပေးပါက တူရကီနိုင်ငံက အမေရိကန်လုပ် ပက်ထရီး ယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို အသုံးပြုနိုင်ကြောင်း အာဒိုဂန်က ပြောသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment