Friday, November 15, 2019

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်ဘာသာပေါင်းစုံငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း ကျင်းပ
No photo description available.
နေပြည်တော် နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်း မေတ္တာ)အဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းကို ယနေ့တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အစီအမံများချမှတ်
အကြံပြု ဆွေးနွေးဝိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပဋိပက္ခစစ်ပွဲများ ဖြစ်ပွားစေသည့် အခြေခံအကြောင်း တရားများစွာအနက် အဓိက အချက် အချို့မှာ နိုင်ငံရေးကို အခြေခံသော ဝါဒရေးရာ မတူကွဲပြားမှုကြောင့် ဖြစ်ပွားသောပဋိပက္ခ၊ ကိုးကွယ်သော ဘာသာမတူကွဲပြားမှုကြောင့် ဖြစ် ပွားသော ဘာသာရေးပဋိပက္ခ၊ မျိုးနွယ်စုမတူ ကွဲပြားမှုကြောင့် ဖြစ်ပွားသော လူမျိုးရေးပဋိပက္ခတို့ ဖြစ်ပါကြောင်း၊ ဘာသာရေး၊ လူမှုရေး၊ စစ်ရေး စသည့် အရေးအရာအဖြာဖြာ သည် နိုင်ငံရေး၏ အကိုင်းအခက် လက်တက်များသာ ဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ ပြေလည်အောင်ဖြေရှင်း နိုင်ခဲ့လျှင် ပဋိပက္ခများလည်း ချုပ်ငြိမ်း သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံရေး နည်းလမ်းဖြင့် အောင်မြင်စွာဖြေရှင်း နိုင်ရန် အခြေခံအကိုင်းအခက်များဖြစ် သော ဘာသာရေး၊ လူမျိုးရေးပြဿနာ များကိုလည်း ဝိုင်းဝန်းညှိနှိုင်းဖြေရှင်း ကြရန် လိုအပ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲတွင် အစုအဖွဲ့အလိုက် ဆွေးနွေးမှုများ၊ ဆွေးနွေးမှုများမှ ရရှိလာသော ရလဒ်များကို အခြေခံ ပြီး ဆက်လက်လက်တွေ့အကောင် အထည်ဖော်မည့်အစီအမံများ ချမှတ် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဦးဆောင်ဆွေးနွေးသူ အဖြစ် ဆောင်ရွက်ပြီး ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ၊ မြန်မာ နိုင်ငံ မက်သဒစ်အသင်းတော်(အောက် မြန်မာပြည်)မှ ဘီရှော့မြစန်း၊ အစ္စလာမ် ဓမ္မဗိမာန်ဆော်ဩရေးမှူး အယ်လ် ဟာဂျာဟ် ဒေါ်စန်းစန်းတင့်နှင့် ဟိန္ဒူ လူငယ်အမျိုးသမီးအဖွဲ့မှ မမျိုးဟေမာ တို့က "ဘာသာရေးလွတ်လပ်ခွင့် အတွက် ဘာသာပေါင်းစုံပံ့ပိုးကူညီ ခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ဆွေးနွေး
မွန်းလွဲပိုင်းတွင် ပညာရေးကဏ္ဍ၊ ဘာသာရေးလွတ်လပ်ခွင့်၊ တိုင်းရင်း သားလူမျိုးတိုင်းနှင့် လူနည်းစုအဖွဲ့ အစည်းများအတွက် တန်းတူညီတူ အခွင့်အရေးနှင့် တာဝန်ယူတာဝန်ခံမှု နှင့် မိုးသစ်တောကာကွယ်စောင့် ရှောက်ရေးကဏ္ဍ၊ အမျိုးသမီး ခေါင်းဆောင်မှုနှင့် အရေးကိစ္စများ တွင် ပါဝင်ခြင်းကဏ္ဍ၊ လူငယ်တို့ကို အားပေးကူညီပံ့ပိုးခြင်းနှင့် ထိတွေ့ ဆက်ဆံခြင်းကဏ္ဍ၊ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော ဝိသေသ လက္ခဏာ၊ မတူညီကွဲပြားခြင်းနှင့် ဘုံစိန်ခေါ်မှုများ စသည့် ကဏ္ဍများကို အစုအဖွဲ့အလိုက် ဆွေးနွေးကြသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ တတိယ အကြိမ် အကြံပြုဆွေးနွေးဝိုင်းကို နိုဝင်ဘာ ၁၅ ရက်အထိ ကျင်းပသွား မည်ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment