Friday, November 15, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
No photo description available.
နေပြည်တော် နိုဝင်ဘာ ၁၄
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးတွင် ရင်ဆိုင်နေရ သည့် အခက်အခဲ အတားအဆီးများ အား ဖြေရှင်းရေး၊ နေရပ်ပြန်လာသူများ အတွက် ကောင်းမွန်သည့်ပတ်ဝန်းကျင် ဖန်တီးရာ၌ ကုလသမဂ္ဂ၊ အာဆီယံ တို့နှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက် နေမှုများ၊ နိုင်ငံသားလျှောက်ထားမှု လုပ်ငန်းစဉ် ပိုမိုလျင်မြန်သွက်လက် လာစေရေးကိစ္စ၊ နေရပ်စွန့်ခွာသူများ နှင့် ထိတွေ့ရှင်းလင်းပြောကြားရေး ကိစ္စ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေး ပြန်လည်စတင်ရေး ကိစ္စတို့အပေါ် အမြင်ချင်းဖလှယ်ခဲ့ ကြသည်။
ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ်အရေးကိစ္စ၏ သိမ်မွေ့ ရှုပ်ထွေးမှုကို ကောင်းစွာသိရှိနားလည် ရေးနှင့် လက်တွေ့ကျပြီး မျှတသည့် ချဉ်းကပ်ရေးသည် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအား ဖြေရှင်းရာ၌ ကုလသမဂ္ဂနှင့် မြန်မာ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရေး၏ အဓိကသော့ချက် ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက် ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment