Thursday, November 14, 2019

ဘိုလီဗီးယားတပ်မတော်က အထက်လွှတ်တော်ဒုဥက္ကဋ္ဌကို
ယာယီသမ္မတအဖြစ် အသိအမှတ်ပြု
No photo description available.
မော်စကို နိုဝင်ဘာ ၁၃
ဘိုလီဗီးယား လက်နက်ကိုင်တပ်ဖွဲ့က အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဂျင်းနီအေနက်ဇ်ကို ယာယီနိုင်ငံ့အကြီး အကဲအဖြစ် အသိအမှတ်ပြုခဲ့သလို သူ့ကို ထောက်ခံကြောင်း ဘိုလီဗီးယားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝီလီယံ ကာလီမန်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားလိုက် သည်။
“လက်ရှိ အခြေအနေများနှင့် ဥပဒေပိုင်းဆိုင်ရာ စည်းမျဉ်းတွေအရ ဂျင်းနီအေနက်ဇ်ကို ယာယီနိုင်ငံ့ အကြီးအကဲအဖြစ် အသိအမှတ်ပြုပါတယ်” ဟု ထုတ်ပြန် ချက်က ဆိုသည်။ အစောပိုင်းတွင် အေနက်ဇ်က သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ကြေညာခဲ့ပြီး ဖြစ်နိုင်သမျှစော၍ လာမည့် သမ္မတရွေးကောက်ပွဲ ကျင်းပရန် ကတိပြုခဲ့သည်။ နိုင်ငံရေးခိုလှုံခွင့်ပေးအပ်ရာ မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိလာ ခဲ့သော ဘိုလီဗီးယားသမ္မတဟောင်း အီဗိုမိုးရေးစ်က လွှတ်တော်၏ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး တပ်မတော်၊ ရဲတပ်ဖွဲ့၏အကူအညီဖြင့် ယခု ဆုံးဖြတ်ချက် ကို ပြုလုပ်ခဲ့ကြောင်း ပြောကြားလိုက်သည်။
သမ္မတဟောင်း မိုးရေးစ်က လက်ရှိ တိုင်းပြည်အတွင်း အခြေအနေများကို အာဏာသိမ်းမှုတစ်ခုအဖြစ် ပြောဆိုကာ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် ဘိုလီဗီးယား ဒုတိယသမ္မတ အယ်ဗာရိုဂါစီယာလည်း ရာထူးမှ နုတ်ထွက်ခဲ့သည်။
ကိုးကား-တက်စ်
ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment