Thursday, November 14, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ
Image may contain: 4 people
နေပြည်တော် နိုဝင်ဘာ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် "ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာ"ကို အတည်ပြုပြီးစီး၍ နိုဝင်ဘာ ၁၉ ရက်တွင် တရားဝင် မိတ်ဆက်ဖြန့်ချိမည့် အခြေအနေ၊ ပထမအဆင့်အနေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကျေးရွာအချို့၌ ပြန်လည်နေရာချထားရေးလုပ်ငန်း များ ဦးစွာစတင်မည့် အခြေအနေ၊ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိသွားသူများ အား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် တွင် အာဆီယံအဖွဲ့မှ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းနယ်ပယ် သုံးခုအတွက် စီမံကိန်း ၃၇ ရပ် ဖော်ထုတ်ထားပြီး ၎င်းတို့အနက်မှ ဦးစားပေး စီမံကိန်းခုနစ်ခု ဆောင်ရွက် ရေးကိစ္စ၊ ၂၀၁၇ ခုနှစ်မှစတင်၍ ကုလ သမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရခိုင် ပြည်နယ်တွင် မတည်ငြိမ်ဖြစ်မှုများ ကြောင့် လုပ်ငန်းနှောင့်နှေးနေခဲ့သော "ရခိုင်ပြည်နယ် ပူးတွဲလေ့လာဆန်းစစ် မှု အစီအရင်ခံစာအကျဉ်း" ထုတ်ပြန် နိုင်မှုအခြေအနေ၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူ များ ရခိုင်ပြည်နယ်သို့ သွားရောက် နိုင်ရေးကိစ္စ၊ ကော့ဘဇားသို့ အာဆီယံ အပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်ရေးအစီအစဉ်၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှုမှ တားဆီး ကာကွယ်ရေးဆိုင်ရာ ဥပဒေအား လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြ ထားမှုများဆွေးနွေးပြီး ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် သတင်း အချက်အလက်များ၊ ကော့ဘဇားရှိ ဒုက္ခသည် စခန်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေမည့် နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment