Thursday, November 14, 2019

နိုင်ငံတကာလေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲလာမှုကြောင့်
မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုကောင်းမွန်လာနိုင်
No photo description available.
ဗန်ကောက် နိုဝင်ဘာ ၁၃
မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်သစ်များ ပြေးဆွဲလာမှုက ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်မည်ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက မျှော်လင့်နေကြသည်။ မကြာသေးမီ လများအတွင်း မြောက်မြားလှစွာသော လေကြောင်းလိုင်းများက မြန်မာနှင့်တရုတ်ကို ဆက်သွယ် ပေးသည့် ခရီးစဉ်သစ်များပြေးဆွဲမှုစတင်ခဲ့ပြီး အခြားနိုင်ငံတကာလေကြောင်းလိုင်းများက လည်း ပြေးဆွဲတော့မည့်ခရီးစဉ်သစ်များကို ကြေညာခဲ့သည်။
တရုတ်ခရီးစဉ်များတွင် ဟန်ကျိုး၊ ရှန်ဟိုင်းနှင့် ဝူဟန်သို့ လေကြောင်းခရီးစဉ်သစ်များ ပြေးဆွဲမှုပါဝင်သည်။ ပြီးခဲ့သောလကလည်း အိန္ဒိယနိုင်ငံမှ IndiGo လေကြောင်း လိုင်းသည် ကိုးလ်ကတ္တားမှ ရန်ကုန် မြို့သို့ နေ့စဉ်တိုက်ရိုက်လေကြောင်း ခရီးစဉ်များ စတင်ခဲ့သည်။ ယခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှစ၍ ဒူဘိုင်း အခြေစိုက် flydubai လေကြောင်း လိုင်းသည် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ ကရာဘီကျွန်းသို့ လေကြောင်းခရီးစဉ် စတင်ပြေးဆွဲ မည်ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ်သစ်များ ပြေးဆွဲမှုကြောင့် ခရီးသွားများအနေ ဖြင့် မြန်မာနိုင်ငံသို့ ပိုမိုအဆင်ပြေစွာ လာရောက်နိုင်မည်ဖြစ်သည်။ “နိုင်ငံ တကာလေကြောင်းလိုင်းတွေ ပြေးဆွဲ မှုက တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းကို ကြီးမားစွာ မြှင့်တင်ပေးမှာဖြစ်ပါ တယ်” ဟု Khiri Travel Myanmar မှ မန်နေဂျင်းဒါရိုက်တာ အက်ဒဝင် ဘရိုင်ရယ်စ်က ပြောကြားသည်။
လက်ရှိအချိန်တွင် လေကြောင်းလိုင်း ၁၀ ခုက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံရှိ မြို့ကြီး ၁၅ မြို့ခန့်ကြား လေကြောင်း ခရီးစဉ်များ ပြေးဆွဲလျက်ရှိသည်။
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း လမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် ဥရောပတိုက်မှ လေကြောင်းခရီးစဉ်များ ပိုမိုပြေးဆွဲရန်လိုအပ်လျက်ရှိကြောင်း သိရသည်။
ကိုးကား-ttgasia.com
ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment