Monday, November 25, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ




Image may contain: 4 people, people smiling, people standing
နေပြည်တော် နိုဝင်ဘာ ၂၄


 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ ဘူဆန်မြို့ တွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးမှ သံမှူးကြီး Mr. Jung Yung Soo နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင် ဟိန်း၊ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ လိုက်ပါသွားကြသည်။
ဝန်ကြီးအဆင့် အစည်းအဝေး
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် အဖွဲ့သည်လည်း ဒုတိယ အကြိမ် အာဆီယံ-ကိုရီးယားပြည်သူ့ ဝန်ဆောင်မှု တီထွင်ပြောင်းလဲရေး ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး နှင့် ပြပွဲအခမ်းအနားသို့ တက်ရောက် ရန် အဆိုပါခရီးစဉ်တွင် လိုက်ပါသွား ကြသည်။
ဂုဏ်ပြုတပ်ဖွဲ့ ကြိုဆို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၅ မိနစ်တွင် ရောက်ရှိကြရာ ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Lee Tae Ho နှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့် စင်နှင့်ဇနီး ဒေါက်တာနန်းမြတ်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် မိသားစုများက ကိုရီးယားသမ္မတနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့ နှင့်အတူ ဘူဆန်မြို့ Gimhae လေတပ် ဌာနချုပ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ဘူဆန်မြို့ရှိ ခေတ္တတည်းခိုမည့် Lotte Hotel သို့ ရောက်ရှိကြရာ ဟိုတယ် အဝင်၌ ကိုရီးယားသမ္မတ နိုင်ငံရောက် မြန်မာနိုင်ငံသားများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment