Monday, November 25, 2019

ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကျင်းပ အဂတိလိုက်စားမှုကို လက်မခံသောယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲရန်လိုအပ်




Image may contain: 3 people, wedding, crowd and indoor
မန္တလေး နိုဝင်ဘာ ၂၄




အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာန တို့ပူးပေါင်း၍ ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ် လျက်ရှိသော “ဖြောင့်မတ်တည်ကြည် မှု လူငယ်စခန်း ၂/၂၀၁၉” (Youth Integrity Camp 2/2019 ) ကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေး မြို့ရှိ ရွှေပြည်သာဟိုတယ် သာရတနာမင်္ဂလာခန်းမ၌ ကျင်းပ သည်။
ပညာပေးသင်ခန်းစာများဖြန့်ဝေ
အခမ်းအနားတွင် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ဖြောင့် မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉” အား ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ မန္တလေး၊ မိတ္ထီလာ၊ မုံရွာမြို့များရှိ တက္ကသိုလ်/ကောလိပ် ၁၂ ခုမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၁၂၇ ဦး တက်ရောက်နိုင်ရေး ဆောင်ရွက်ထား ပါကြောင်း၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သည် ကျောင်း သား လူငယ်ထုအတွင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးသင်ခန်းစာများ ကို အခြေခံပညာမှ စတင်သင်ကြား နိုင်ရေးအတွက် ဖြောင့်မတ်တည် ကြည်မှုမြှင့်တင်ရေး ပညာပေးအစီ အစဉ် မူလတန်း၊ အလယ်တန်းအဆင့် (ဆရာကိုင်) စာအုပ်များကို ရေးသား ပြုစု၍ ဖြန့်ဝေသင်ကြားပေးလျက်ရှိ ပါကြောင်း။
ဆက်လက်၍ အထက်တန်း အဆင့်/ တက္ကသိုလ်အဆင့် ဆရာကိုင် စာအုပ်များ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အတွက် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူပညာရှင် ဆရာကြီး၊ ဆရာမကြီးများဖြင့် ဖွဲ့စည်း၍ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ပြဿနာများ၏ အခြေခံမှာ အကျင့်စာရိတ္တတရားဖြစ် ကြောင်း၊ လူတစ်ဦးချင်းစီ ကောင်းမှ တိုင်းပြည်တိုးတက်မည်ဖြစ်ရာ တစ်ဦး ချင်းစီ၏ ကိုယ်ကျင့်တရားကောင်းမွန် မှုသည် နိုင်ငံတိုးတက်မှုနှင့်ပါ တိုက် ရိုက်ပတ်သက်နေပါကြောင်း၊ တိုင်း ပြည်တာဝန်များကို လက်ဆင့်ကမ်း ပြီး ပခုံးပြောင်းတာဝန်ယူမည့် လူငယ် များသည် ပညာထူးချွန်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်မှု၊ ရိုးသား ဖြောင့်မတ်မှုနှင့် တည်ကြည်သမာဓိ ရှိရန် အထူးလိုအပ်ပါကြောင်း၊ ပညာ ရေးလုပ်ငန်းတွင် ဆရာ၊ ဆရာမများ သည် ကျောင်းသား ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ် ကျင့်သိက္ခာ မြင့်မားရေးအတွက် လက်တွေ့ကျကျ ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း၊ တိုးတက် ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံဖြစ်ရန် စခန်းဝင်ဆရာ၊ ဆရာမများနှင့် ကျောင်းသားလူငယ်တို့သည် မိမိ တို့၏ ကိုယ်ကျင့်တရားစာရိတ္တကို မှတ်ကျောက်တင်ခံနိုင်ရန်နှင့် ဖြူစင် မြင့်မြတ်ခြင်းဖြင့် တန်ဖိုးရှိသူ တစ်ယောက်အဖြစ် ရပ်တည်သွား နိုင်ရေးအတွက် ကြိုးပမ်းကြရန် ပြောကြားသည်။
ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က “ဖြောင့်မတ်တည် ကြည်မှုလူငယ်စခန်း” များ ဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာ ဗျူဟာကို အကောင်အထည်ဖော်ရာ တွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက် မည့် အခန်းကဏ္ဍကို အသိအမှတ်ပြု ရေးနှင့် လူငယ်တို့ ကိုယ်တိုင်ရေးဆွဲ လိုက်နာကျင့်သုံးသင့်သည့် ဖြောင့် မတ်တည်ကြည်မှုဆိုင်ရာ ကျင့်ဝတ် များကို ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ဖြစ်ပါကြောင်း။
အများပြည်သူဆိုင်ရာ ဖြောင့်မတ် တည်ကြည်မှုသည် နိုင်ငံတစ်နိုင်ငံတွင် ခိုင်မာအားကောင်းသော အင်စတီ ကျူးရှင်းများ တည်ဆောက်ရန်အတွက် မဖြစ်မနေလိုအပ်ပါကြောင်း၊ ယင်း သည် လုပ်ပိုင်ခွင့်အာဏာရှိသူများက မိမိတို့နှင့် မိမိတို့ လက်သင့်ရာ လူအနည်းငယ် အကျိုးရှိစေရန်အတွက် သာမဟုတ်ဘဲ အများပြည်သူလူထု ကြီး တစ်ရပ်လုံး၏ အကျိုးစီးပွား များအတွက် အလုပ်လုပ်နေကြခြင်း ဖြစ်ကြောင်း အာမခံချက် ဖြစ်စေပါ ကြောင်း။
လူ့အဖွဲ့အစည်း တစ်ရပ်တွင် ဖြောင့်မတ်တည်ကြည်သော ယဉ် ကျေးမှုထွန်းကားလာရေးနှင့် အများ ပြည်သူဆိုင်ရာ ဖြောင့်မတ်တည်ကြည် မှု ပြုစုပျိုးထောင်ရေးအတွက် လူ့ အဖွဲ့အစည်းတိုင်းတွင် အဂတိလိုက် စားနိုင်သော အခွင့်အလမ်းနှင့် အပြု အမူများကို လျှော့ချနိုင်သည့် စနစ် တစ်ရပ် အခြေတကျတည်ရှိပြီး ဖြစ် စေရန်၊ လူမှုပတ်ဝန်းကျင်တစ်ရပ်လုံး တွင် အဂတိလိုက်စားမှုကို လက်မခံ သော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်း လာအောင် ပြုပြင်ပြောင်းလဲရန်၊ လူတိုင်းကို မိမိတို့၏လုပ်ဆောင်မှုတိုင်း အတွက် တာဝန်ယူမှုရှိအောင် ပြုလုပ် ရန် လိုအပ်ပါကြောင်း၊ ဤဖြောင့်မတ် တည်ကြည်မှု လူငယ်စခန်းတွင် အထက်ပါမဏ္ဍိုင်(၃)ရပ်ကို ပြည်တွင်း၊ ပြည်ပ ပညာရှင်များက ဦးဆောင် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။
အဂတိလိုက်စားခြင်းရှောင်ကြဉ်နိုင်
ထို့နောက် မန္တလေးတိုင်းဒေသ ကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ် ရေးဝန်ကြီး ဦးဇာနည်အောင်က ယနေ့ ပြုလုပ်သောအခမ်းအနားသည် အသိ ပညာပေးရေးဖြစ်ပြီး ဖြစ်ပွားနေသည့် ရောဂါကိုကုသခြင်းမဟုတ်ဘဲ၊ ရောဂါ ၏ အရင်းအမြစ်ကို ရှာဖွေကုသခြင်း နှင့် ဆင်တူကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန် သော စီမံအုပ်ချုပ်မှုကို အခိုင်အမာ တည်ဆောက်ရန်အတွက် ဖြောင့်မတ် တည်ကြည်မှု၊ တာဝန်ယူတာဝန်ခံမှု နှင့် ပွင့်လင်းမြင်သာမှုစသည့် အခြေခံ ကောင်းများလိုအပ်ပြီး အဂတိလိုက် စားမှုကင်းစင်သည့် အုပ်ချုပ်ရေးစနစ် မြင့်မားတိုးတက်ရန် လူငယ်စခန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် လူမြောက်မြားစွာ အသိပညာတိုးပွားပြီး အဂတိလိုက်စား ခြင်းကို ရှောင်ကြဉ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ပြုပြင်ပြောင်းလဲမှုလုပ်ကိုင်နိုင်
ယင်းနောက် UNODC မှ Country Manager , Ms.Marie Pagie Cauch-oics က ယနေ့အချိန်တွင် ကမ္ဘာ့လူဦး ရေ၏ ၁ ဒသမ ၈ သန်းခန့်မှာ လူငယ် များဖြစ်ပါကြောင်း၊ အဆိုပါ လူငယ် များ၏ ထက်ဝက်ခန့်သည် အာရှနှင့် ပစိဖိတ်ဒေသများတွင် နေထိုင်သူများ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ ၏ ၅၀ ရာခိုင်နှုန်းခန့်သည် အသက် (၃၀)နှင့်အောက် ဖြစ်ပါကြောင်း၊ လူငယ်များသည် စွမ်းအားရှင်များ ဖြစ်သဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ကိုင်နိုင်စွမ်းရှိပါကြောင်း၊ လူငယ် များအား စွမ်းဆောင်ရည်မြင့်မားရေး ဆောင်ရွက်မှုများသည် ဖြောင့်မတ် တည်ကြည်မှုခိုင်မာရေး၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေး၊ ဆင်းရဲနွမ်းပါးမှု အဆုံးသတ်ရေးတို့အတွက် နည်းလမ်း တစ်ခုဖြစ်ပါကြောင်း၊ ပြောင်းလဲလို စိတ်၊ အတွေးအခေါ်နှင့် တီထွင်ဖန်တီး မှုများဖြင့် ပြောင်းလဲမှုကို လုပ်ဆောင် နိုင်ပါကြောင်း၊ လူငယ်များသည် အနာဂတ်မျိုးဆက်သစ်များ ဖြစ်သဖြင့် အစိုးရအဖွဲ့အစည်းများ အနေဖြင့် လူငယ်များကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ YIC Camp သည် လူငယ်များကို မိမိတို့နှင့် သက်ဆိုင်ရာ နယ်ပယ်များတွင် ဂုဏ်သိက္ခာမြင့်မား စွာ ရပ်တည်နိုင်သည့်လူငယ်များဖြစ် လာစေမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဖြောင့်မတ်တည်ကြည် မှုလူငယ်စခန်း ၂/၂၀၁၉ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်လာကြသော စခန်းဝင် ဆရာ၊ ဆရာမများ ကျောင်း သား၊ ကျောင်းသူများက မိမိတို့ တက္ကသိုလ်အလိုက် မိတ်ဆက်ပြီး ဧည့်သည်တော်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။
နိုဝင်ဘာ ၂၈ ရက်အထိကျင်းပမည်
မွန်းလွဲပိုင်း ဆွေးနွေးပို့ချမှုများ ကို ရွှေပြည်သာဟိုတယ်တွင် လည်း ကောင်း၊ ညနေပိုင်းလှုပ်ရှားမှုများ နှင့် တည်းခိုနေထိုင်မှုကို မန္တလေး နည်းပညာတက္ကသိုလ်တွင် လည်း ကောင်း ဆောင်ရွက်ကြပြီး လူငယ် စခန်းကို နိုဝင်ဘာ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment