Monday, November 25, 2019

ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်နှင့်အဖွဲ့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ




Image may contain: 6 people, people smiling, people standing and suit
ရန်ကုန် နိုဝင်ဘာ ၂၄



တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့၌ ရောက်ရှိ နေသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့သည် ယမန်နေ့က ကွေ့လင် မြို့နယ်အတွင်းရှိ ခရီးသွားပြကွက်ပြုလုပ်ထားသော လီဂျန်မြစ် တစ်လျှောက်နေရာများအား မြစ်တွင်းသွားမော်တော်ဖြင့် လည်းကောင်း၊ ရန်းစုမြို့ရှိ ကျေးလက်ဒေသဆိုင်ရာ ပြကွက်နေရာများအား မော်တော်ယာဉ် ဖြင့် လည်းကောင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကွေ့လင်မြို့မှ မြန်နှုန်းမြင့် ကျည်ဆန်ရထားဖြင့် ကွမ်ကျိုးမြို့သို့ ထွက်ခွာပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ထွက်ခွာရာ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ မြန်မာ့အလင်း သတင်းစာတိုက်မှ စာတည်းမှူးချုပ် ဦးအောင်နိုင်ဦး၊ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြန်မာရေးရာလေ့လာ ရေးအဖွဲ့မှ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်နှင့် မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲမှ သုတေသနလက်ထောက် ဦးစောပြည့်မှူးတို့လည်း ပြန်လည်လိုက်ပါလာကြသည်။
သတင်းစဉ်

No comments:

Post a Comment