Monday, November 25, 2019

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲကျင်းပ




Image may contain: one or more people, people standing, wedding, crowd and outdoor
နေပြည်တော် နိုဝင်ဘာ ၂၄


 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့ဦးဆောင်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်ကာ နေပြည်တော် ပရဆေးဥယျာဉ်မှ ရေပန်းဥယျာဉ်ဂိတ် အမှတ်(၃)အထိ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ရေပန်းဥယျာဉ်ရှေ့တွင် ကျန်းမာရေးသရုပ်ပြ ကကွက်များဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
အဆိုပါလမ်းလျှောက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီဝင်များ၊ အမျိုးသမီးများအရေးကို တက်ကြွစွာဆောင်ရွက်နေကြသော လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ပြည်သူလူထု စုစုပေါင်း ၆၀၀ ခန့်ပါဝင်ပြီး အားကစားလှုပ်ရှားမှုများ စုပေါင်းပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment