Thursday, November 21, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဘေရွန်၊ တာ့ပရွန်နှင့် အန်ကောဝပ်ဘုရားကျောင်းတို့သို့ သွားရောက်လေ့လာ




Image may contain: 4 people, people standing, outdoor and indoor
ဖနောင်ပင် နိုဝင်ဘာ ၂၀



ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက် ပိုင်းတွင် ဆီရမ်ရိမြို့ရှိ ဘေရွန်ဘုရားကျောင်း၊ တာ့ပရွန် ဘုရားကျောင်းနှင့် အန်ကောဝပ်ဘုရားကျောင်းတို့သို့ သွားရောက်၍ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ဗိသုကာလက်ရာများနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း များကို ကြည့်ရှုလေ့လာသည်။
ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဖနောင်ပင်မြို့မှ ဆီရမ်ရိမြို့သို့ လေကြောင်း ခရီးဖြင့် ရောက်ရှိကြရာ ဆီရမ်ရိမြို့ ဒုတိယမြို့တော်ဝန် Mr. Pith Prakort နှင့် တာဝန်ရှိသူများက ဆီရမ်ရိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဘေရွန် ဘုရားကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းတော် အတွင်းရှိ ရုပ်လုံးကြွပန်းချီများ၊ ရှေးဟောင်းဗိသုကာ လက်ရာများနှင့် ခရီးသွားဧည့်သည် များ လာရောက်လည်ပတ်မှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ဗိသုကာလက်ရာများလေ့လာ
ဆက်လက်၍ ၁၂ ရာစုနောက်ပိုင်း ၁၃ ရာစုအစောပိုင်း လက်ရာဖြစ်သည့် တာ့ပရွန်ဘုရားကျောင်းသို့ ရောက်ရှိ ကြပြီး ကျောင်းတော်အတွင်းရှိ ရှေးဟောင်း အဆောက်အဦကြီး များ၊ ဗိသုကာလက်ရာများနှင့် ရှေးဟောင်းယဉ်ကျေးမှု ပုံစံများ၊ နှစ်ရှည်ပင်ကြီးများမှ အဆောက် အဦများအား ငုံလျက်ထိန်းသိမ်းထား ရှိမှု အခြေအနေ၊ ရေရှည်တံ့ခိုင်မြဲ သည့် ရှေးဟောင်းသုတေသနဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှု နည်းပညာ ရပ်များကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
ရုပ်လုံးကြွပန်းချီများကြည့်ရှု
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် အန်ကောဝပ်ဘုရား ကျောင်းသို့ရောက်ရှိကြပြီး ကျောင်း တော်အတွင်းရှိ ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ၊ ရုပ်လုံးကြွပန်းချီ များ၊ ပန်းပုလက်ရာများနှင့် ဗိသုကာ လက်ရာများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
နှစ်ပေါင်း ၃၀ အချိန်ယူတည်ဆောက်
အန်ကောဝပ်ကျောင်းတော်ကြီး အား ၁၂ ရာစုအစောပိုင်း၌ ဘုရင် သူရိယရာမ(၂)က မြေဧရိယာ အကျယ်အဝန်း ၄၀၂ ဧကပေါ်တွင် တစ်တုံးလျှင် ၁ ဒသမ ၅ တန် အလေး ချိန်ရှိ သဲကျောက်တုံး စုစုပေါင်း ၁၀ သန်းခန့်ဖြင့် နှစ်ပေါင်း ၃၀ အချိန်ယူ တည်ဆောက်ခဲ့ပြီး အန်ကောဝပ်ဒေသရှိ အဆောက် အဦများအနက် အကြီးဆုံးဖြစ်သည်။ အန်ကောဝပ်ဒေသအား ၁၉၉၂ ခုနှစ် တွင် UNESCO က ကမ္ဘာ့အံ့ဖွယ် အမွေ အနှစ်ကြီးများစာရင်းတွင် ထည့်သွင်း ခဲ့ပြီး ထိန်းသိမ်းထားသည်။
ခရီးသည်ငါးသန်းခန့် လာရောက်နိုင်ရေး
ကမ္ဘာလှည့်ခရီးသည် ၂ ဒသမ ၆ သန်းခန့်သည် အန်ကောဝပ်ဒေသ သို့ နှစ်စဉ် လာရောက်လည်ပတ် လျက်ရှိပြီး နောင်တွင် ကမ္ဘာလှည့် ခရီးသည်ငါးသန်းခန့်အထိ လာရောက် နိုင်ရေးအတွက် အန်ကောဝပ်ဘုရား ကျောင်းအား ရေရှည်တည်တံ့ခိုင်မြဲ ရန် ဒေသခံပြည်သူများက ပူးပေါင်း ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
လက်ဆောင်ပစ္စည်းများ ပေးအပ်
ညနေပိုင်းတွင် ဒုတိယသမ္မတ သည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ရောက်ရှိပြီး ကမ္ဘော ဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး၊ မြန်မာစစ်သံမှူး၊ မြန်မာသံရုံး နှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကား ပြောကြားကာ လက်ဆောင်ပစ္စည်း များ ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ တက်ရောက် သည်။ သတင်းစဉ်

No comments:

Post a Comment