Thursday, November 21, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တရုတ်ကွန်မြူနစ်ပါတီ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအထွေထွေ အတွင်းရေးမှူး မစ္စတာ ခွန်ဒေါင်‌ဝေနှင့် တွေ့ဆုံဆွေးနွေး




Image may contain: indoor
နန်နင်း နိုဝင်ဘာ ၂၀



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့ညနေပိုင်းက တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်းရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့သို့ရောက်ရှိပြီး လိယွမ်ဧည့်ဂေဟာ၊ အပြည်ပြည်ဆိုင်ရာ အစည်းအဝေး စင်တာတွင် တရုတ်ကွန်မြူနစ်ပါတီ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယအထွေထွေအတွင်း ရေးမှူး မစ္စတာ ခွန်ဒေါင်‌ဝေ ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့်ခရီးသွားကဏ္ဍ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုနိုင်ရေး တို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment