Thursday, November 21, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးနှင့် မဲခေါင်-ကိုရီးယားထိပ်သီး အစည်းအဝေးတို့ တက်ရောက်ရန် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်မည်



နေပြည်တော် နိုဝင်ဘာ ၂၁



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်း၏ ဖိတ်ကြားချက်အရ ဘူဆန်မြို့တွင် ကျင်းပမည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ရန်အတွက် မကြာမီကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment