Thursday, November 21, 2019

ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှုနည်းပညာသင်တန်း အမှတ်စဉ်(၃)ဖွင့်ပွဲအခမ်းအနားကျင်းပ



Image may contain: 9 people, people standing
နေပြည်တော် နိုဝင်ဘာ ၂၀




မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ရွှေကြာပင်ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှုနည်း ပညာသင်တန်းကျောင်း၏ သင်တန်းအမှတ်စဉ်(၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ကျောက်မျက်ရတနာအချောထည် ဈေးဝင်း(ရွှေကြာပင်)ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် တာဝန်ရှိသူများက ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှု နည်းပညာ သင်တန်းအမှတ်စဉ်(၃)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အမှာစကားပြောကြားရာတွင် တွင်းထွက်သယံဇာတများကို အရိုင်းအတိုင်းရောင်းချသည့်နိုင်ငံများထက် အချောထည် အဖြစ် ထုတ်လုပ်ရောင်းချသည့် နိုင်ငံများသည် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိဘဲ ဈေးကွက်အကျိုး အမြတ်ကိုလည်း အများဆုံးရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် သဘာဝသယံဇာတများကို တူးဖော်ထုတ်လုပ်ခြင်း၊ အရိုင်းအတိုင်းရောင်းချခြင်းကို ကန့်သတ်လျှော့ချ၍ တန်ဖိုးမြင့်အချောထည်များ ပြုလုပ် ရောင်းချရေးနှင့် နိုင်ငံတကာ ဈေးကွက်ရရှိရေးကို အလေး ထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
ယခုသင်တန်းများသည် နိုင်ငံတော်၏ သယံဇာတ အချောထည်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦး ခြေလှမ်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ဘာသာရပ်များကို ကောင်းစွာလေ့လာသင်ယူပြီး ကျောက် မျက်အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ က သင်တန်းကျောင်း၏ အဓိကရည်ရွယ်ချက်များအောင်မြင် ရေးနှင့် သင်တန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၏ ပံ့ပိုးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်ရွှေ က လက်ရှိတွင် သင်တန်းကျောင်း အဆင့်မြှင့် တင်ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး The Academy for Skills & Knowledge မှ မန်နေဂျင်း ဒါရိုက်တာ ဦးအေးချမ်းကိုကို က သင်တန်းကျောင်းအတွက် ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ၏ စာတွေ့၊ လက်တွေ့ သင်ယူမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြသည်။
မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင် သည့် ကျွမ်းကျင်လုပ်သားလူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ပြီး နိုင်ငံတကာဈေးကွက် သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးတို့ကို ပံ့ပိုးနိုင်ရန် ရည်ရွယ် ၍ ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှုနည်း ပညာသင်တန်းကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိ ကြောင်းသိရသည်။ သတင်းစဉ်

No comments:

Post a Comment