Thursday, November 21, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျောက်တလုံးကြီးမြို့၌ တည်ထားကိုးကွယ်မည့် မဟာဗောဓိစေတီတော် အထက်ဌာပနာသွင်းလှူပူဇော်ခြင်းနှင့်ဆွမ်းဆန်စိမ်းလောင်း လှူပွဲသို့ တက်ရောက်ကြည်ညို




Image may contain: 5 people, people standing and drink
နေပြည်တော် နိုဝင်ဘာ ၂၀



ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ရောက်ရှိသည့် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာ မြင့်ထွေး၊ ဦးအုန်းမောင်၊
ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ကျောက်တလုံးကြီးမြို့သို့ ရောက်ရှိကြ သည်။
တက်ရောက်ကြည်ညို
ထို့နောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့သည် ကျောက်တလုံးကြီးမြို့ ပိုးပန္တကုန်းတော်၌ တည်ထား ကိုးကွယ်မည့် မဟာဗောဓိစေတီတော် အထက်ဌာပနာတော်သွင်းလှူပူဇော် ခြင်းနှင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် သဒ္ဓမ္မဇောတိက ဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ သာမဏေကျော် စာသင်တိုက် ပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ တေဇောသာရာဘိဝံသထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္စျာယ်တော်မူသည့် ပရိတ်တရား တော်များကို နာယူကြည်ညိုကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မန္တလေးတိုင်းဒေသ ကြီး စဉ့်ကိုင်မြို့နယ် ပြည်တော်သာ ကျောင်းတိုက် ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဇဝန က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများအား အလိုတော်ပြည့် ဗုဒ္ဓရုပ်ပွားတော်များအားပေးအပ်ချီးမြှင့်တော်မူသည်။
ယင်းနောက် စေတီတော် ဦးဆောင်အလှူဒါယကာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် နာယက အဂ္ဂ မဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဦးအောင်ခမ်းထီက သာသနာရေးဆိုင်ရာများကို လျှောက် ထားသည်။
ထို့နောက် မိုးကုတ်မြို့ ညောင်သုံး ပင်ပရိယတ္တိသာမဏေကျော် စာသင် တိုက်ဆရာတော်ထံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမှူးပြုသော ဧည့် ပရိသတ်များက အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှ ပေးဝေကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က စေတီတည်ဆောက် ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ အလှူဒါယ ကာ၊ ဒါယိကာမနှင့် ဧည့်ပရိသတ်များ က ဌာပနာတော်များကို စေတီတော် အထက်ဌာပနာတော်တိုက်သို့ လက် ဆင့်ကမ်း ပင့်ဆောင်ပူဇော်ကြပြီး အလှူရှင်များနှင့် သာသနာပြုအဖွဲ့ များမှ ဒါယကာများက ဌာပနာတော် များကို သွင်းလှူပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်နာယက ဦးအောင်ခမ်းထီနှင့် ၎င်း၏နေအိမ်၌ ရင်းရင်းနှီးနှီး တွေ့ဆုံ သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး များ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များနှင့်ဒေသခံပြည်သူ များက ဆရာတော်၊ သံဃာတော်များ အား ဆွမ်းဆန်စိမ်းလောင်းလှူကြ သည်။
တောင်ကြီးခရိုင် ကျောက်တလုံး ကြီးမြို့ ပိုးပန္တကုန်းတော်၌ ယခုတည် ထားကိုးကွယ်မည့် မဟာဗောဓိစေတီ တော်မှာ ဉာဏ်တော် ၈၁ ပေ၊ အလျား ၄၁ ပေ၊ အနံ ၃၆ ပေ ရှိပြီး ဗုဒ္ဓဂယာမှ မဟာဗောဓိစေတီတော်ပုံစံအတိုင်း တည်ထား ကိုးကွယ်သွားမည်ဖြစ် ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများသည် ကျောက်တလုံးကြီးမြို့မှ ရဟတ်ယာဉ် များဖြင့် ပြန်လည်ထွက်ခွာကြရာ ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။
ထိုမှတစ်ဆင့် အထူးလေယာဉ် ဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲ ပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။ သတင်းစဉ်

No comments:

Post a Comment