Wednesday, November 20, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကများနှင့် အမှုဆောင်အဖွဲ့သစ်တို့နှင့် တွေ့ဆုံဆွေးနွေး




Image may contain: 5 people, people sitting, table and indoor
ရန်ကုန် နိုဝင်ဘာ ၁၉



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ နှင့် အမှုဆောင်အဖွဲ့သစ်တို့အား ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အကယ်ဒမီထူးချွန်ဆုပေးပွဲ
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့ တက် ရောက်လာကြသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကကြီးများ၊ အမှုဆောင်များနှင့် ရင်းနှီးပြီးဖြစ် သော်လည်း ပြန်လည်ဖွဲ့စည်းခဲ့သော အမှုဆောင်အဖွဲ့သစ်နှင့် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးအနေဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သည့် ရုပ်ရှင်လောကအတွက် အရေးကြီးသည့် အကယ်ဒမီထူးချွန် ဆုပေးပွဲလည်း ရှိနေကြောင်း။
မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် ပွဲတော် ကျင်းပရန်လည်းရှိပြီး ၎င်းတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ မည်သို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ကို ယခင်အစည်းအဝေးများတွင် ဆုံးဖြတ်ထားသည်များ ရှိပါကြောင်း၊ ထို့အတွက် ရုပ်ရှင်အစည်းအရုံးဘက်မှ လုပ်ကိုင် ဆောင်ရွက်ထားရှိမှုများကို သိရှိလိုပြီး တစ်ဆက်တည်း ရုပ်ရှင် ပြတိုက်ကိုလည်း ကြည့်ရှုလေ့လာ လိုပါကြောင်း၊ ထို့ပြင် ရုပ်ရှင်အစည်း အရုံးဘက်မှ ဆောင်ရွက်နေသည့် ထူးခြားတိုးတက်မှုများ ရှိပါကလည်း ဆွေးနွေးကြစေလိုပါကြောင်း ဆွေးနွေး ပြောကြားသည်။
ရုပ်ရှင်ရာပြည့်ပွဲတော်လုပ်ဆောင်ရန်
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယက စည်သူ ဗိုလ်ကလေးတင့်အောင်က မြန်မာ့ ရုပ်ရှင်သည် ငွေရတု၊ ရွှေရတုနှင့် စိန်ရတုတို့ကို ကျော်လွှားခဲ့ပြီး ယခု ရာပြည့် ပတ္တမြားရတုကို ရောက်ရှိ တော့မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖြတ်သန်းခဲ့သည့် ရုပ်ရှင်ခေတ် တစ်လျှောက်တွင် အသံတိတ်၊ တေးသံစုံ၊ အသံထွက်၊ မြင်ကွင်းကျယ် စသည်ဖြင့် အဆင့်ဆင့် တိုးတက် လာစေရန် ရုပ်ရှင်လောကသားများက ဖန်တီးခဲ့ကြပါကြောင်း၊ ၎င်းကို အခြေပြုပြီး ရုပ်ရှင်ရာပြည့်ပွဲတော်ကို လူကြီးများက ဦးဆောင်ပြီး လုပ်နိုင် ကိုင်နိုင်ရှိကြသည့် လူငယ်များ စုပေါင်း ကာ လုပ်ဆောင်ကြရန် တိုက်တွန်း နှိုးဆော်လိုပါကြောင်း၊ ရုပ်ရှင် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအသစ်အနေ ဖြင့်လည်း အားသစ်ခွန်သစ်နှင့် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း၊ လုပ်ဆောင်ပါလို့လည်း ပြောကြား လိုပြီး မိမိတို့လူကြီးများက ဝိုင်းဝန်း စောင့်ရှောက်ပေးမည် ဖြစ်ကြောင်း၊ ရုပ်ရှင်လုပ်ငန်းကြီး တည့်တည့် မတ်မတ်နှင့် ကောင်းကောင်းမွန်မွန် ဖြစ်လာအောင် ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ရုပ်ရှင်အစည်းအရုံး အဖွဲ့သစ်
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ အမှုဆောင်အဖွဲ့သစ် ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးအေးကြူလေးတို့က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ သင်းဖွဲ့စည်းမျဉ်းနှင့်အညီ အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့မှု၊ ၂၀၁၉ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေးဦးစီးကော်မတီနှင့် အကဲ ဖြတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရုပ်ရှင် ဇာတ်ကား ၉၆ ကားကို ကြည့်ရှု ဆောင်ရွက်နေမှုနှင့် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားအတွက် စတင် လုပ်ဆောင်နေမှုတို့ကို ရှင်းလင်းတင်ပြ ကြသည်။
လုပ်ငန်းစဉ် ၁၁ ခု ချမှတ်ဆောင်ရွက်
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး ယာယီကော်မတီ ဖွဲ့စည်းထားရှိပြီး ယခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အစည်းအဝေးကျင်းပခဲ့မှု၊ ၎င်းယာယီ ကော်မတီကိုယ်စား Working Group အနေဖြင့် ယခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အစည်းအဝေးကျင်းပခဲ့ပြီး လုပ်ငန်းစဉ် ၁၁ ခု ချမှတ်ဆောင်ရွက် နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများနှင့် အမှုဆောင်များက မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု၊ လက်ရှိ လုပ်ငန်းတာဝန်များ ဆောင်ရွက်မှု တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
အလုပ်ရုံဆွေးနွေးပွဲတစ်ခုကျင်းပရန်
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်တွင် E-cinema, D-cinema တို့အပြင် ရုပ်မြင်သံကြားနှင့် မိုဘိုင်း ဖုန်းတို့မှတစ်ဆင့် ထုတ်လွှင့်နေမှု များနှင့် စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု မကြာမီကျင်းပနိုင် ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရုပ်ရှင် ဆိုင်ရာများ တင်သွင်းခြင်း၊ ပါဝင် ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ထားကြ စေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားတွင် ပြုပြင်ပြီး ဖြစ်သော မြန်မာဂန္ထဝင်ရုပ်ရှင် ဇာတ်ကားများစုစည်း၍ ပြသနိုင်ရန် အပြင် နိုင်ငံတကာ ရုပ်ရှင်များလည်း ပါဝင်ပြသရန် အလျဉ်းသင့်သလို ဖိတ်ခေါ်ထားရှိကြောင်း၊ မြန်မာဂန္ထဝင် ရုပ်ရှင်ဇာတ်ကားများ ထပ်မံရှာဖွေ ပြုပြင်ပြီး လွှဲပြောင်းပေးရန်လည်း နှိုးဆော် ဆောင်ရွက်နေပါကြောင်း၊ ရုပ်ရှင်ရာပြည့်ပွဲတော်ကြီး စည်ကား သိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ရုပ်ရှင်လောကသား အားလုံး ပါဝင်ဆောင်ရွက်ကြစေလို ပါကြောင်း ပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
ပြင်ဆင်ဆောင်ရွက်နေမှုကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်တွင် ခင်းကျင်းပြသရန် ပြင်ဆင် ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ MMPO Cinema ခန်းမတွင် ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ရေး ဦးစီး ကော်မတီနှင့် အကဲဖြတ်အဖွဲ့ဝင်များ ကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် သည်။
ရုပ်ရှင်လုပ်ငန်းသုံး ပစ္စည်းများ
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဗဟန်းမြို့နယ် သာသနာ့ ရိပ်သာလမ်းရှိ မြန်မာ့ရုပ်ရှင် ဖလင် ပိဋကတ်တိုက်တွင် မြန်မာရုပ်ရှင် ဇာတ်ကား ဖြူ/မည်းနှင့် ရောင်စုံ ဇာတ်ကားများ၊ မှတ်တမ်းရုပ်ရှင်များ ထိန်းသိမ်းပြုပြင်နေမှုကို လည်းကောင်း၊ မြန်မာ့ရုပ်ရှင် မော်ကွန်းတိုက်တွင် ခေတ်အဆက်ဆက် ရုပ်ရှင်လုပ်ငန်းသုံး ပစ္စည်းများ ထိန်းသိမ်းထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment