Tuesday, November 12, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအတွင်း ကြည့်ရှုအားပေး

Image may contain: 8 people, people standing

နေပြည်တော် နိုဝင်ဘာ ၁၁
အသက်မွေးပညာသင်တန်းကျောင်းများအနေဖြင့် မိမိတို့သင်တန်းသား တစ်ဦးချင်းစီ၏ အသက်မွေးဝမ်း ကျောင်းပညာ ကျွမ်းကျင်တတ်မြောက် မှုနှင့် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ပေးနိုင်ရေးအတွက် မျှော်မှန်း ဆောင်ရွက်ကြစေလိုကြောင်း ယမန် နေ့ မွန်းလွဲပိုင်းက ပခုက္ကူမြို့ ရက်ကန်း နှင့် အသက်မွေးပညာသင်တန်း ကျောင်းသို့ ရောက်ရှိစဉ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက တာဝန် ရှိသူများအား ဆွေးနွေးပြောကြားသည်။
သင်တန်းကျောင်း ရှင်းလင်းဆောင် တွင် သင်တန်းကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်က ဘဏ္ဍာနှစ်အလိုက် အသက်မွေးပညာ သင်တန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများ ကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်း တင်ပြရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးခွန်အေးနိုင်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက မိမိတို့ သင်တန်းကျောင်း များသည် လူ့စွမ်းအားအရင်းအမြစ်ကို တန်ဖိုးရှိစွာ အသုံးချနိုင်ရေး လေ့ကျင့် ဖော်ထုတ်ပေးသည့် လုပ်ငန်းဖြစ်သည် နှင့်အညီ အရည်အသွေးမြင့် ထုတ်ကုန် များ ထုတ်လုပ်နိုင်သည့် နည်းပညာ များ ပို့ချပေးနိုင်ရေး ကြိုးပမ်းကြစေလို ကြောင်း၊ မိမိတို့ရိုးရာယဉ်ကျေးမှုဖြစ် သည့် မိရိုးဖလာလက်မှုပညာ ထိန်းသိမ်း နိုင်မှုနှင့်အတူ တစ်ပိုင်တစ်နိုင်မှ စီးပွား ဖြစ်ထုတ်လုပ်နိုင်သည့် လက်မှုပညာ၏ အားသာချက်များအပေါ် အသုံးချပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေး၊ တန်ဖိုးမြင့် လက်မှုပညာထုတ်ကုန်အဖြစ် ပြည်ပ စျေးကွက်အထိ ထိုးဖောက်နိုင်ရေးတို့ အတွက် နည်းပညာအဆင့်မြှင့်တင်ရေး နှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သင်တန်းခန်းမဆောင် အတွင်း ခင်းကျင်းပြသထားသည့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းဆင်း သင်တန်းသူ သင်တန်း သားများ၏ လက်တွေ့လေ့ကျင့် ထုတ်လုပ်ထားသော ချည်ထည်၊ ယွန်း ထည်နှင့် လက်မှုပညာထုတ်ကုန်ပစ္စည်း များ၊ သင်တန်းသူ သင်တန်းသားများ ၏ ရက်ကန်းလုပ်ငန်း လက်တွေ့ လုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေး ကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနအနေဖြင့် လက်မှု ပညာအခြေခံ အသေးစားကုန်ထုတ် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင် ရေးတို့အတွက် သင်တန်းကျောင်းများ မှ သင်တန်းများခေါ်ယူပို့ချပေးလျက် ရှိသည့်နည်းတူ ဒေသအရောက် နည်းပညာပေး သင်တန်းများကိုလည်း ဆက်စပ်ဌာနများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အောက်ရှိ ယွန်းပညာကောလိပ် တစ်ကျောင်းနှင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း ၁၃ ကျောင်းတို့မှ လက်တွေ့လုပ်ကိုင် အသက်မွေးနိုင် သည့် နည်းပညာများကို ပို့ချပေးလျက် ရှိသည်။
ပခုက္ကူရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်းမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဝါးလက်မှု ထည်သင်တန်း၊ စားသောက်ကုန်ထုတ် လုပ်နည်းသင်တန်း၊ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း၊ သဘာဝ ဆိုးဆေးနှင့် ဓာတုဆိုးဆေးသင်တန်း စသည့် နည်းပညာသင်တန်းများကို သင်တန်း(၁၁)ကြိမ်ဖြင့် သင်တန်းသား သင်တန်းသူ ၂၂၈ ဦးတို့အား သင်ကြား ပေးနိုင်ခဲ့သည်။
တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး တွင် ဖွင့်လှစ်ထားရှိသည့် အဆိုပါ သင်တန်းကျောင်းများတွင် တက်ရောက် လေ့လာသင်ယူလိုသူ သင်တန်းသား များအား သတင်းစာများမှ ခေါ်ယူ ပေးခြင်း၊ သင်တန်းသားတစ်ဦးလျှင် တစ်လငွေကျပ် ၃၀၀၀၀ ထောက်ပံ့ပေး ခြင်း၊ သင်တန်းကာလအတွင်း နေထိုင် ရန် အဆောင်စရိတ် အခမဲ့နေထိုင်ခွင့် တို့ကို စီစဉ်ဆောင်ရွက်ပေးပြီး အလုပ် အကိုင်အခွင့်အလမ်းရရှိရေး၊ အသက် မွေးဝမ်းကျောင်း တတ်မြောက်မှုနှင့် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့် ပေးနိုင်ရေးတို့အတွက် သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment