Tuesday, November 12, 2019

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မြဝတီမြို့ရှိ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေး

Image may contain: 8 people, people standing and outdoor
နေပြည်တော် နိုဝင်ဘာ ၁၁
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် သည် နိုဝင်ဘာ ၁၁ ရက်က ကရင် ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်နှင့်အတူ ကရင်ပြည်နယ် မြဝတီမြို့ရှိ ရေနံဓာတ်ငွေ့ ရည် (LPG)ကို တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက် နေသော ပုဂ္ဂလိကပြည်တွင်းကုမ္ပဏီ များ၏ ရေနံ ဓာတ်ငွေ့ရည်အရောင်း ဆိုင်များကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင်များအား ကြည့်ရှုစစ်ဆေးရာတွင် ကုမ္ပဏီ တာဝန်ရှိသူများနှင့် အရောင်းဆိုင် တာဝန်ခံများက ရေနံဓာတ်ငွေ့ရည် (LPG) တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေနံဓာတ်ငွေ့ရည် (LPG) ဖြန့်ဖြူးရောင်းချသူများအနေ ဖြင့် သုံးစွဲသူပြည်သူများ လုံခြုံစိတ်ချ စွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် အသိပညာပေးမှုများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ အရည်အသွေး အခြင်အတွယ် မှန်ကန်ရေးနှင့် ရေနံဓာတ်ငွေ့ရည် (LPG) ကို သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီ တင်သွင်း/ သိုလှောင်/ ဖြန့်ဖြူး ရောင်းချရန်လိုအပ်ကြောင်း မှာကြား ပြီး ရေနံဓာတ်ငွေ့ရည် (LPG) အရောင်း ဆိုင်များအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ကရင်ပြည်နယ် မြဝတီနယ်စပ်ရှိ ရေနံဓာတ်ငွေ့ရည် (LPG) လုပ်ငန်းရှင် များအသင်းသည် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သတ်မှတ်ပြဋ္ဌာန်းထား သော စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ပြည်တွင်းသို့ တစ်လလျှင် ရေနံဓာတ်ငွေ့ရည် (LPG) တန် ၂၀၀၀ ခန့် ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိသည်။ နိုင်ငံအတွင်း ရေနံဓာတ်ငွေ့ရည် (LPG) ကို ကျယ်ပြန့်စွာသုံးစွဲခြင်းအား ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုလျှော့ချနိုင်ခြင်း၊ ထင်း၊ မီးသွေးနေရာတွင် လည်း အစားထိုးသုံးစွဲနိုင်ခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကိုလည်း လျှော့ချစေနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment