Monday, November 25, 2019

နေပြည်တော်ရှိတပ်မတော် စစ်သမိုင်းပြတိုက်၌ တပ်မတော်သတင်းစာရှင်းလင်းပွဲပြုလုပ်




Image may contain: 4 people, people on stage
နေပြည်တော် အောက်တိုဘာ ၂၄





 

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း TNLA လက်နက်ကိုင် အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့် လက်နက်/ခဲယမ်း များ သိမ်းဆည်းရရှိမှု၊ ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့၏ လုပ်ရပ်များနှင့် တိုင်းစစ်ဌာနချုပ်များအလိုက် မူးယစ် ဆေးဝါးများ ဖမ်းဆီးရရှိမှုများနှင့် ပတ်သက်၍ တပ်မတော် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ် သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယ ဥက္ကဋ္ဌဗိုလ်ချုပ် ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင် သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တို့က ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း TNLA လက်နက် ကိုင်အဖွဲ့၏ လုပ်ရပ်များနှင့် နမ့်ဆန်မြို့နယ်၊ မန်တုံဒေသ၊ ဟူခင်းကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာအနီးတစ်ဝိုက်မှ TNLA အဖွဲ့၏ လက်နက်/ခဲယမ်းများ၊ ဆက်စပ်ပစ္စည်း များသိမ်းဆည်းရရှိမှု၊ ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု၊ AA အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှု၊ အပြစ်မဲ့အရပ်သားများအား ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်မှု စသည့်လုပ်ရပ်များ ဆောင်ရွက်နေသည့်အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Defence& Security 2019 တက်ရောက်ခဲ့ သည့် အခြေအနေများနှင့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်း ရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (Vip Program) ပိတ်ပွဲသို့ တက်ရောက်ခဲ့မှု၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းနိုင်ငံသို့ ချစ်ကြည် ရေးခရီးသွားရောက်ခဲ့မှုနှင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ၂၀ ရက်အထိ တိုင်းစစ်ဌာနချုပ်များအလိုက် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်မှူးကြီး အောင်ခင်သိန်းက စစ်ဘက်တရားစီရင်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် သတင်းစာရှင်းလင်းပွဲ တက်ရောက်လာ ကြသည့် သတင်းဌာနအသီးသီးတို့က သိရှိလိုသည်များ မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဥပဒေချုပ် ရုံးမှ ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်တို့က ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်

No comments:

Post a Comment