Saturday, October 26, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ဂျပန်နိုင်ငံတွင် ဝန်ကြီး Mr.Koichi Hagiuda ၊ ဒုတိယဝန်ကြီး Mr. Ma Sahiko Tominaga တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးပြီး ကျိုဒိုသတင်းဌာနသို့ သွားရောက်လေ့လာ

Image may contain: 3 people, people sitting, table and indoor

တိုကျို အောက်တိုဘာ ၂၅



ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ သည် ယနေ့နံနက် ၇ နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာလေဆိပ် သို့ရောက်ရှိပြီး ခေတ္တတည်းခိုမည့် Shinagawa Prince Hotel သို့ ရောက်ရှိ ကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ဂျပန်နိုင်ငံ ယဉ်ကျေးမှုရေးရာ ဌာန၌ ပညာရေး၊ ယဉ်ကျေးမှု၊ သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Mr. Koichi Hagiuda နှင့် တာဝန်ရှိသူ များအား မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် လည်းကောင်း၊ ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ဒုတိယ ဝန်ကြီး Mr. Ma Sahiko Tominaga နှင့် တာဝန်ရှိသူများအား ညနေ ၃ နာရီ ခွဲတွင် လည်းကောင်း သွားရောက် တွေ့ဆုံနှုတ်ဆက်ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်း၍ ရုပ်ရှင်ဇာတ်ကား များ ရိုက်ကူးခဲ့မှု၊ ရုပ်ရှင်ဖလင်များ ပြန်လည်ပြုပြင် ထိန်းသိမ်းသည့် လုပ်ငန်းသည် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါမှု၊ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ် ဆောင်ရွက်နေမှုနှင့် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးစေလိုမှုတို့ကို ဆွေးနွေးကြသည်။


လေ့လာ

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ညနေ ၄ နာရီခွဲ တွင် တိုကျိုမြို့ရှိ ဟီဘိရစာကြည့် တိုက်နှင့် ပြတိုက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသ ထားရှိမှု ၊ စာကြည့်တိုက်တွင် ဖတ်ရှု လေ့လာရန် စီစဉ်ထားရှိမှုနှင့် စာငှား စနစ်တို့ကို ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။
ညနေ ၆ နာရီခွဲတွင် ကျိုဒိုသတင်း ဌာနသို့ သွားရောက်ပြီး သတင်း အချက်အလက်များ ရယူစုစည်းမှုနှင့် ဖြန့်ချိမှုလုပ်ငန်းစဉ်အား လေ့လာကြ သည်။


ကျိုဒိုသတင်းဌာနမှာ ၁၉၄၅ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင် ခဲ့သည့် Domei သတင်းဌာနအား ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တွင် Kyodo News အဖြစ် ပြင်ဆင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထောက် အင်အား တစ်ထောင်ကျော်ဖြင့် လုပ်ငန်းများဆောင်ရွက်နေပြီး နိုင်ငံ တကာမှ မီဒီယာအဖွဲ့အစည်း ၇၀ ခန့် နှင့် နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးကာ သတင်းများဖလှယ် အသုံးပြုနေကြောင်း၊ ၎င်းသတင်း ဌာနမှ သတင်းများကို အသုံးပြုသည့် သတင်းစာများမှ ဖတ်ရှုသူဦးရေမှာ သန်း ၅၀ ခန့်ရှိပြီး ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် အင်္ဂလိပ်ဘာသာတို့ ဖြင့်လည်း Online မှ သတင်းများ ထုတ်လွှင့်ဖြန့်ချိလျက်ရှိကြောင်း သိရ သည်။


သတင်းစဉ်

No comments:

Post a Comment