Saturday, October 26, 2019

ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘာ့ဘဏ်အုပ်စုနှင့် အိုင်အမ်အက်ဖ်တို့၏ နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

Image may contain: 13 people, people smiling, people standing


နေပြည်တော် အောက်တိုဘာ ၂၅
ကမ္ဘာ့ဘဏ်အုပ်စု (The World Bank Group - WBG) နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund – IMF) ၂၀၁၉ ခုနှစ်၊ နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီတွင် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက် အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ ကြသည်။
နှစ်ပတ်လည်အစည်းအဝေးကို အောက်တိုဘာ ၁၈ ရက်တွင် ဝါရှင်တန် ဒီစီရှိ DAR Building ၏ Constitution Hall တွင် ကျင်းပရာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Mr. David Robert Malpass နှင့် IMF ဦးဆောင်ညွှန်ကြားရေးမှူး Ms. KristalinaIvanovaGeorgieva တို့က မိန့်ခွန်းပြောကြားခဲ့ကြသည်။ အစည်းအဝေးသို့ ကမ္ဘာ့ဘဏ်နှင့် IMF တို့၏ အဖွဲ့ဝင်နိုင်ငံများမှ ဂါဗနာနှင့် တွဲဖက်ဂါဗနာများ တက်ရောက်ခဲ့ ကြသည်။
ပါဝင်တက်ရောက်
နှစ်ပတ်လည်အစည်းအဝေးနှင့် အတူ ဆက်စပ်အစည်းအဝေးများကို လည်း ကျင်းပခဲ့ရာ မြန်မာကိုယ်စား လှယ်အဖွဲ့သည် အရှေ့တောင်အာရှ နိုင်ငံများ သဘာဝဘေးအန္တရာယ် အာမခံအကာအကွယ်ဆိုင်ရာ အစည်း အဝေး၊ အရှေ့တောင်အာရှနိုင်ငံများ မှ ဂါဗနာများအစည်းအဝေး၊ IMF ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အာဆီယံဂါဗနာများ တွေ့ဆုံဆွေးနွေး ပွဲ၊ အာရှ-ပစိဖိတ်ဒေသမှ IMF အဖွဲ့ဝင်နိုင်ငံများ ဆွေးနွေးပွဲများ သို့လည်း ပါဝင်တက်ရောက်ခဲ့ကြ သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ဘဏ်အုပ်စု၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Victoria Kwakwa နှင့်လည်း သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ ဘဏ်က ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ပံ့ပိုး ကူညီပေးမည့်ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပံ့ပိုးပေးသွားမည်
ဆက်လက်၍ IMF  Fiscal  Affairs Department မှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ အခွန်ဆိုင်ရာပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ IMF က နည်းပညာအကူ အညီများအား ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ပြီး နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများအပေါ် ကြီးကြပ် ကွပ်ကဲမှုများနှင့် စပ်လျဉ်း၍ ကမ္ဘာ့ ဘဏ်နှင့်ပူးပေါင်းကာ အကူအညီ များ ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကမ္ဘာ့ဘဏ် အရှေ့တောင် အာရှမဲပေးအုပ်စု၏ အမှုဆောင် ဒါရိုက်တာ၊ OECD, JBIC နှင့် IFC တို့၏ ဒုတိယဥက္ကဋ္ဌများနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
အစည်းအဝေး အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့သည် ကမ္ဘာ့ဘဏ်ရုံးချုပ် တွင် အောက်တိုဘာ ၂၁ ရက်၌ ကျင်းပ သည့် မြန်မာနိုင်ငံ၏ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့တက်ရောက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်သူများ၏ မေးမြန်းမှုများအပေါ် ရှင်းလင်း ဖြေကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာ သံရုံး၌ ဒုတိယဝန်ကြီး၊ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းတို့နှင့် အတူ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံဘဏ္ဍာရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် ဖြေရှင်း ဆောင်ရွက်ရန် ကျန်ရှိသည့်အချက် များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်


No comments:

Post a Comment