Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(ဗဟိုအဖွဲ့ချုပ်)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ




Image may contain: 4 people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၂၉


 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ(ဗဟိုအဖွဲ့ချုပ်)မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာနော်ကဖောထူး၊ တွဲဖက်အတွင်းရေးမှူး ဦးစောကျော်ညွန့်နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့က ကရင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ကျေးလက်မီးလင်းရေး အပါအဝင် ဒေသအခြေအနေအပေါ်မူတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ရန်ကိစ္စရပ်များ၊ လတ်တလောလိုအပ်သည့် အကူအညီများ ဆောင်ရွက်ပေး ရေးနှင့် ရေရှည်တွင် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင် နိုင်ရေးအတွက် ဝန်ကြီးဌာန၊ ဒေသအစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment