Wednesday, October 30, 2019

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ဟောင်ကောင်တက္ကသိုလ်၏ အာရှနှင့်အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor အား လက်ခံတွေ့ဆုံ




Image may contain: 3 people, people smiling, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၉



ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်း ဟိန်သည် ဟောင်ကောင်တက္ကသိုလ်၏ အာရှ နှင့် အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနမှ Associate Professor, Dr. Renaud Egreteau အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များ၊ လွှတ်တော်လုပ်ငန်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၏ လုပ်ငန်း အတွေ့အကြုံ၊ အရည်အသွေး ပိုမိုပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment