Wednesday, October 30, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် အဖွဲ့အား တွေ့ဆုံ




Image may contain: 4 people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၂၉ 



ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမားနှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည် တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံ သည်။
ဆွေးနွေး
တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၏ အကူ အညီဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်မြို့ပတ် ရထားလမ်းအဆင့် မြှင့်တင်ရေးစီမံကိန်းနှင့် ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင် ရေးစီမံကိန်းလုပ်ငန်းများ တိုးတက်မှု နှင့် ထိုရထားလမ်းပိုင်းတွင် အသုံးပြု မည့် လူစီးရထားတွဲများ အချိန်မီရရှိ ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
သတင်းစဉ်

No comments:

Post a Comment