Tuesday, October 29, 2019

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 5 people, people sitting, table and indoor

နေပြည်တော် အောက်တိုဘာ ၂၈
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် KNU ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ရှိ ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အစီအစဉ်များ ဆွေးနွေး
တွေ့ဆုံစဉ် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြုံတွေ့နေရသည့် အခက် အခဲများ ကျော်လွှားနိုင်ရေးကိစ္စ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်များရယူရေးကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲများအလွန် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် သဘောတူညီချက်ရယူရေးကိစ္စ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကျင်းပနိုင်ရေးကိစ္စ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS နေပြည်တော်မလာရောက်နိုင်သည့် ကိစ္စနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အစီအစဉ်များကိစ္စ စသည်တို့ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်နှင့် ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်အတူ အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ စစ်ရေး/ နိုင်ငံရေး အကြံပေး ပဒိုစောထူးထူးလေး၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် စောရော်ဂျာခင်၊ ဗဟိုအမြဲတမ်းကော်မတီဝင်များ ဖြစ်ကြသည့် စောတောနီး၊ စောသမိန်ထွန်း၊ စောအိုင်းဇက်ဖိုး၊ စောတာမလာသော နှင့် ပဒိုစောရွှေမောင်းတို့လည်း တက်ရောက်ကြသည်။


သတင်းစဉ်

No comments:

Post a Comment