Sunday, October 20, 2019

နီပေါနိုင်ငံသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရွှေတိဂုံစေတီတော် ဖူးမြော်ကြည်ညို၍ မြန်မာ - နီပေါ ချစ်ကြည်ရေး လုမ္ဗိနီဓာတ်ပုံပြပွဲ ဖွင့်ပွဲတက်ရောက်




Image may contain: 7 people, sky and outdoor
နေပြည်တော် အောက်တိုဘာ ၁၉




မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသော နီပေါဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံရပ်ကွက်ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ အရှင်ဉာဏိဿရက နီပေါနိုင်ငံ လုမ္ဗိနီပြတိုက်၌ အပူဇော်ခံထားရှိမည့် မုဒြာမျိုးစုံဗုဒ္ဓရုပ်ပွားတော်အဆူ ၃၀ အား လှူဒါန်းပွဲသို့ တက်ရောက်ကြည်ညိုသည်။
လှူဒါန်းပွဲတွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရနှင့် ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုတို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
ထို့နောက် သီတဂူဆရာတော်က နီပေါ နိုင်ငံသမ္မတထံ ဗုဒ္ဓရုပ်ပွားတော်များကို ပေးအပ်လှူဒါန်းပြီး နီပေါနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတနှင့်အဖွဲ့ သည် နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ၏ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ဗိုလ်ချုပ် အောင်ဆန်းအသုံးပြုခဲ့သည့် မော်တော်ယာဉ်၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေး များအိပ်ခန်း၊ အထူးအစည်းအဝေးခန်း၊ ဘုရားခန်းနှင့် ဧည့်ခန်းတို့ကို ကြည့်ရှု လေ့လာရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်ဦးလွင်က လိုက်လံရှင်းလင်း ပြသသည်။
တက်ရောက်
မွန်းလွဲပိုင်းတွင် နီပေါနိုင်ငံသမ္မတသည် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ မြန်မာ- နီပေါ နှစ်နိုင်ငံကုန်သည်ကြီးများအသင်းနှင့် မြန်မာ-နီပေါ ချစ်ကြည်ရေးအသင်းတို့ စီစဉ် ကျင်းပသည့် မြန်မာ-နီပေါ နှစ်နိုင်ငံကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှု အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီ ၊ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးသိပ္ပံ အကြီးတန်း အကြံပေးပုဂ္ဂိုလ် ဦးကျော်မြိုင်နှင့် ဦးသန့် ပြတိုက်နှင့် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးတို့က မြန်မာ-နီပေါ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကြပြီး တက်ရောက်လာသည့် သတင်းမီဒီယာ များ၏ မေးမြန်းချက်များကို ရှင်းလင်း ဖြေကြားသည်။
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတ နိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများနှင့်အတူ ညနေ ၄ နာရီခွဲတွင် ရွှေတိဂုံစေတီတော်သို့ရောက်ရှိကြပြီး တောင်ဘက်မုခ် အင်္ဂါထောင့်ရှိ မဟာဗောဓိပင်ကို ကြည့်ရှုကြကာ ဧည့်ခံ တန်ဆောင်းရှိ ရွှေစေတီတော်အား ဖူးမြော် ကြည်ညိုကြသည်။
ထို့နောက် နီပေါနိုင်ငံသမ္မတသည် ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုး ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး အလှည့်ကျသဘာပတိ ဦးသန်းဇော်က ရွှေတိဂုံစေတီတော်ကြီး သမိုင်းအကျဉ်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ကို ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ နီပေါနိုင်ငံသမ္မတအား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ရွှေတိဂုံ စေတီတော်ပုံတူ ဓာတ်ပုံပန်းချီကားနှင့် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ သမိုင်းစာအုပ်တို့ကို ဓမ္မလက်ဆောင်အဖြစ်ပေးအပ်ပြီး ဧည့်သည် တော်အဖွဲ့သည် စေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများကို လက်ယာ ရစ်လှည့်လည်ဖူးမြော် ကြည်ညိုကြသည်။
ယင်းနောက် နီပေါ-မြန်မာချစ်ကြည်ရေး လုမ္ဗိနီဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားကို ရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ကျင်းပရာ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ လုမ္ဗိနီ ဆရာတော် ဘဒ္ဒန္တ မေတ္တေယျသကျ ပုတ္တက အဖွင့်မင်္ဂလာစကား ပြောကြားသည်။
ထို့နောက် ဓာတ်ပုံပြပွဲအား လုမ္ဗိနီ ဆရာတော်၊ နီပေါနိုင်ငံသမ္မတ၊ နီပေါနိုင်ငံ ခြားရေးဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နီပေါနိုင်ငံ သမ္မတသည် ဓာတ်ပုံပြပွဲကို ဆီမီးထွန်းညှိပေးပြီး ဓာတ်ပုံ ပြခန်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြည်ညိုသည်။
ညပိုင်းတွင် နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီဘန်ဒါရီသည် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Yangon Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။
ဧည့်ခံပွဲအခမ်းအနားသို့ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံနှင့်နီပေါနိုင်ငံတို့၏ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ သီဆိုပြီး အခမ်း အနားကို ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဘင်းကေ အူးဒက်စ် နှင့် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီ တို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
တည်ခင်းဧည့်ခံ
ဆက်လက်၍ မြန်မာ-နီပေါ နှစ်နိုင်ငံ ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
နီပေါနိုင်ငံသမ္မတနှင့်အတူ လိုက်ပါ လာသည့် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာဒိပ် ကူမာ ဂျန်ဝါရီသည် မြန်မာ နိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး မစ္စတာ ဘင်းကေအူးဒက်စ်နှင့်အတူ ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ဒဂုံမြို့နယ်ရှိ မဟာဝိဇယစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ပေးအပ်လှူဒါန်း
နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသည် စေတီတော်အား လှည့်လည်ဖူးမြော် ကြည်ညိုပြီး ၁၉၈၅ ခုနှစ်က နီပေါနိုင်ငံ ဘုရင် မင်းမြတ်နှင့် မိဖုရားတို့က ဂန္ဓကုဋိတိုက် အတွင်း လှူဒါန်းထားသည့် ဗုဒ္ဓဝင်သစ်ထွင်း ပန်းချီကား ၁၆ ကားကို ကြည့်ရှုလေ့လာကာ စေတီတော် အတွက် အမေရိကန်ဒေါ်လာ ၂၁၀၀ ကို ပေးအပ်လှူဒါန်းသည်။ သတင်းစဉ်

No comments:

Post a Comment