Sunday, October 20, 2019

ပြည်ထောင်စုတရားသူကြီးချုပ် မန္တလေးခရိုင်တရားရုံး အဆောက်အအုံသစ် တက်ရောက်ဖွင့်လှစ်



မန္တလေး အောက်တိုဘာ ၁၉ 




မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ်ရှိ မန္တလေးခရိုင်တရားရုံး အဆောက်အအုံသစ် ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၇ နာရီက ကျင်းပရာ ပြည်ထောင်စုတရားသူကြီး ချုပ် ဦးထွန်းထွန်းဦး တက်ရောက် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း၊ မြို့တော်ဝန် ဒေါက်တာရဲလွင်တို့က ခရိုင်တရားရုံး အဆောက်အအုံသစ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ခရိုင်တရားရုံး အဆောက်အအုံသစ် ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးသည်။
ယင်းနောက် ပြည်ထောင်စု တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုံးသစ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။
ဆက်လက်၍ မန္တလေးခရိုင် တရားသူကြီး ဦးကျော်ကျော်ဦးနှင့် Diamond City ကုမ္ပဏီလီမိတက်မှ အင်ဂျင်နီယာချုပ် ဦးတင်မောင်တို့ကအဆောက်အအုံသစ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်း တင်ပြပြီး အဆောက်အအုံသစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ ကို ခရိုင်တရားသူကြီးထံ လွှဲပြောင်း ပေးအပ်သည်။
အဆိုပါ ခရိုင်တရားရုံးအဆောက် အအုံသစ်ကို တရားရုံးများ၏ ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တရားရုံး အင်္ဂါရပ်နှင့် ညီညွတ်သည့် တရားရုံး အဆောက်အအုံများ တည်ဆောက် ရေးဟူသည့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောက် လုပ်ရေးဝန်ကြီးဌာနက အဆောက် အအုံ ဒီဇိုင်းရေးဆွဲပေးသည့် အလျား ပေ ၂၀၀ x အနံ ပေ ၁၄၀ ရှိ ခေတ်မီ ငါးထပ် အာရ်စီအဆောက်အအုံပုံစံ အတိုင်း တရားခွင် (၂၁) ခွင်၊ တရား သူကြီး နားနေခန်းများ၊ ဥပဒေအရာရှိ နားနေခန်းများ၊ ရှေ့နေနားနေခန်းများ၊ သက်သေနားနေခန်းများ၊ အမှုတွဲ ထိန်းသိမ်းခန်း၊ သက်သေခံပစ္စည်းများ ထိန်းသိမ်းခန်း၊ ဧည့်ခန်း၊ စာကြည့် တိုက်ခန်း၊ အစည်းအဝေးခန်း၊ မီဒီယာ တွေ့ဆုံမေးမြန်းခန်း၊ သတင်းအချက် အလက်ကောင်တာ၊ အမှုတွဲလက်ခံ ကောင်တာ၊ စုံစမ်းမေးမြန်းရန် ကောင်တာ၊ ယာယီအချုပ်ခန်း စသည် ဖြင့် စံချိန်စံညွှန်းမီစွာ တည်ဆောက် ထားကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်လိုက်ပါ၍ မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံ တည်ဆောက်နေမှု ကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment