Tuesday, October 22, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာ့စာတိုက်လုပ်ငန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်




Image may contain: 5 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၁




ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်း၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဗဟိုစာတိုက်ကြီးရှိ မြန်မာ့စာတိုက်လုပ်ငန်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာ့ စာတိုက်လုပ်ငန်းအနေဖြင့် လုပ်ငန်းသစ်များကို တိုးချဲ့ဆောင်ရွက်နေသည့် အတွက် ဘဏ္ဍာရေးနှစ် တစ်နှစ်ထက်တစ်နှစ် ဝင်ငွေတိုးတက်လာသည့်အပြင် ဝင်ငွေနှင့် အသုံးစရိတ်များကို အဂတိတရားကင်းရှင်းစွာဖြင့် စနစ်တကျ ဆက်လက်စိစစ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းရည်မှန်းချက်ပြည့်မီ၍ ပြည်သူများ၏ ယုံကြည်မှုကို တိုးတက်ရရှိအောင် ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါအစည်းအ‌ဝေးသို့ ဒုတိယဝန်ကြီး ဦးသာဦး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment