Tuesday, October 22, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို၊ ဒုတိယသမ္မတ မစ္စတာ မာရုဖ်အာမင် တို့နှင့်တွေ့ဆုံ




ရန်ကုန် အောက်တိုဘာ ၂၁




 

အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာ မြို့၌ ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်တွင် ဂျကာတာမြို့ရှိ အင်ဒို နီးရှားနိုင်ငံ သမ္မတအိမ်တော်သို့ ရောက်ရှိပြီး သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒို အား ဂါရ၀ပြုတွေ့ဆုံသည်။
တွေ့ဆုံ
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အင်ဒိုနီးရှား နိုင်ငံ ဒုတိယသမ္မတအိမ်တော်သို့ ရောက်ရှိပြီး ဒုတိယသမ္မတ မစ္စတာ မာရုဖ် အာမင်နှင့် တွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
တွေ့ဆုံပွဲများတွင် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရေး ပိုမိုတိုးတက် ကောင်းမွန်ရေး၊ အာဆီယံ အသိုက် အဝန်းအနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ဆက်လက်ပေးအပ်ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီး မြှုပ်နှံမှုနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲများသို့ ဒုတိယသမ္မတနှင့်အတူ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးမင်းလွင်နှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး အင်ဒိုနီးရှားနိုင်ငံ သမ္မတ၊ ဒုတိယသမ္မတတို့နှင့်အတူ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment