Tuesday, October 22, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရပ်ရွာလူထုပါဝင်မှုဖြင့် ကျေးလက်လမ်းများဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်




Image may contain: 1 person
နေပြည်တော် အောက်တိုဘာ ၂၁




 

ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Community Road Empowerment (CORE) တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျေးလက်လမ်းများ ပြုပြင်ထိန်းသိမ်းရေးစီမံချက် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းတင်ပြခြင်း နှင့် “ရပ်ရွာလူထုပါဝင်မှုဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” ကို ယနေ့ နံနက် ၁၁ နာရီက နေပြည်တော်ရှိ မန်းမြန်မာဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်း မိုင် ၈၈၈၁၁ ကီလိုမီတာနှင့် တံတား ၂၄၁၈၃ စင်းကို တာဝန်ယူ တည်ဆောက်ထိန်းသိမ်းလျက် ရှိပြီး ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ၊ မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဗျူဟာရေးဆွဲရာ တွင် လုပ်ငန်းအကောင်အထည်ဖော်မှုသာမက လုပ်ငန်း အရည်အသွေးစစ်ဆေးခြင်း၊ သုံးသပ်ခြင်းနှင့် သုတေသန လုပ်ငန်းရပ်များ ထည့်သွင်း ရေးဆွဲထားပါကြောင်း၊ ကျေးလက်လမ်းများသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးပါသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ ရေးနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ် ၃၂၅ ဘီလီယံဖြင့် စုစုပေါင်း ကျေးလက် လမ်းအရှည် ကီလိုမီတာ ၄၅၄၀ ကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်တံတား ၁၄၉၈ စင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
နိုင်ငံအတွင်း ကျေးလက် လမ်း၊ တံတား၊ တည်ဆောက် ပြုပြင်ရေးလုပ်ငန်း ပမာဏများပြားသည့်အတွက် ဝန်ကြီး ဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်၊ ဂျာမနီနိုင်ငံ ဂျာမန် ဖွံ့ဖြိုးရေးဘဏ်(KfW)၊ Re CAP, JIP , JICA , CORE အဖွဲ့အစည်းတို့နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက် ဒေသတွင်ရှိသော ဒေသခံလူထုအနေဖြင့် စီမံကိန်းအစီ အစဉ်များတွင် ပါဝင်ဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်ပြီး လမ်းပြုပြင်ထိန်းသိမ်းရေး အသိပညာဗဟုသုတများအပြင် ရပ်ရွာလူထုက ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်၍ ကျေးလက်လမ်းများကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ဒေသတွင်းပစ္စည်းများကို အသုံးပြုခြင်း ဖြင့် အရည်အသွေးကောင်းမွန်ပြီး ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ကျေးရွာလူထုပူးပေါင်းပါဝင်မှုနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့မည်ပုံဖြေရှင်းရမည်ကို ဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ Community Road Empowerment မှ Chief Director Mr. Makoto Kimura က အမှာစကားပြောကြားပြီး နိုင်ငံတကာအဖွဲ့အစည်း များမှ နည်းပညာရှင်များ၊ ပညာရှင်များနှင့် စာတမ်းရှင် များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။ သတင်းစဉ်

No comments:

Post a Comment