Tuesday, October 22, 2019

သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်လှစ်




Image may contain: one or more people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၁




သုတေသနနည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက် အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ သင်တန်း တွင် ပို့ချမည့် သုတေသနလုပ်ပုံ လုပ်နည်း(Research Methodology)၊ ပြည်သူ့ဆက်ဆံရေး (Public Relations) နှင့် သတင်းအချက် အလက် စီမံခန့်ခွဲမှု (Information Management) ဆိုသည့် ဘာသာရပ် များသည် ခေတ်ကာလတိုင်းတွင် အရေးပါခဲ့ပြီး ဝန်ကြီးဌာနဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ ပုဂ္ဂလိကလုပ်ငန်း ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ အားလုံးအတွက် များစွာအသုံးဝင် ပါကြောင်း။
ယခုခေတ်တွင် နည်းပညာအရှိန် အဟုန်ဖြင့် ပြောင်းလဲတိုးတက်လာမှု သည် အရာရာကို များစွာသက်ရောက် မှုများ ရှိလာပါကြောင်း၊ မြန်မာနိုင်ငံ တွင် မိုဘိုင်းဖုန်းအသုံးပြုမှု အရေ အတွက်သည် နိုင်ငံလူဦးရေထက်ပင် များပြားပါကြောင်း၊ နည်းပညာ တိုးတက်လာမှုကြောင့် ပြည်သူအများ စုမှာ မိုဘိုင်းဖုန်းအသုံးပြု၍ သတင်း အချက် အလက်ရယူသုံးစွဲသည့် ပုံစံသို့ ပြောင်းလဲလာပါကြောင်း၊ သမားရိုးကျ မီဒီယာများ၏ အခန်းကဏ္ဍ အားနည်း လာပါကြောင်း၊ ထို့အတူ အွန်လိုင်း စာကြည့်တိုက် အသုံးပြုမှုများပြား လာပြီး စာကြည့်တိုက်သို့ သွားရောက် အချက်အလက် ရယူမှုလည်း အားနည်းလာပါကြောင်း။
ယနေ့ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များကို နိုင်ငံ့ဝန်ထမ်းများ အတွက် ပြောင်းလဲနေသည့် အချိန် အခါ၊ အခြေအနေ၊ နည်းပညာများနှင့် သဟဇာတဖြစ်အောင် ပြင်ဆင်ထား ရှိပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်တန်းတွင် တက်တက် ကြွကြွ ပါဝင်ဆွေးနွေးကြစေလိုပါ ကြောင်း၊ ထို့အတူ သင်တန်းမှ ရရှိ လာသည့် အသိပညာ၊ ဗဟုသုတများ ကိုလည်း ဌာနအတွက်၊ နိုင်ငံအတွက် ထိထိရောက်ရောက် အသုံးချစေလို သည့်အပြင် သင်တန်းတက်ရောက်ခွင့် မရရှိသည့် လုပ်ဖော်ကိုင်ဖက်များကို လည်း ထပ်ဆင့်မျှဝေစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် Konrad Adenauer Stiftung (KAS) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Dr. Thomas Knirsch က ပြည်သူ့ ဝန်ဆောင်မှုနှင့် ပြည်သူ့ဝန်ထမ်းများ သည် မည်သည့်နိုင်ငံရေးစနစ်တွင် မဆို အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြပြီး အထူးသဖြင့် မြန်မာနိုင်ငံ ၏ မျက်မှောက် အကူးအပြောင်း ဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ပြည်သူ့ဆက်ဆံရေး နှင့် သတင်းအချက်အလက် စီမံခန့်ခွဲ မှုဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာ အားလုံးသည် လက်ရှိဖြစ်ပေါ်နေ သော ပြည်သူ့ဝန်ဆောင်မှုပိုင်းဆိုင်ရာ အသွင်ကူးပြောင်းရေးနှင့် ကိုက်ညီ လျက်ရှိပါကြောင်း ၊ ပြည်သူ့ဝန်ထမ်း များ၏ စွမ်းဆောင်ရည်တိုးပွားစေရေး ကို အားပေးမြှင့်တင်နိုင်စေရန်၊ သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အထောက်အပံ့ပြုခွင့်ရ သည်ကို ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ PANNA INSTITUTE မှ ပညာရပ်ဆိုင်ရာ အကြံပေး ဒေါက်တာတင်မောင်မောင် သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယခုဖွင့်လှစ်သည့် ဒုတိယအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက် အလက် စီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်သင်တန်းကို အောက်တိုဘာ ၂၅ ရက် အထိ ငါးရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဝန်ကြီးဌာနများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်း ၅၀ တက်ရောက်ကြသည်။
ပထမအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံ ရေးနှင့် သတင်းအချက်အလက် စီမံ ခန့်ခွဲမှုဆိုင်ရာအစီအစဉ် သင်တန်းကို ဇွန်လတွင် ဖွင့်လှစ်ခဲ့ပြီး တတိယ အကြိမ် သင်တန်းကို လာမည့် ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထား ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment