Tuesday, October 22, 2019

ဒုတိယဝန်ကြီး ဦးစိုးအောင် ကချင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံထောက်ပံ့




Image may contain: 1 person, table and indoor
နေပြည်တော် အောက်တိုဘာ ၂၁




ကချင်ပြည်နယ်အတွင်းရှိ နေရပ် စွန့်ခွာရသူများ(IDPs) ပြန်လည် နေရာချထားမှု အကောင်အထည်ဖော် ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် သည် ယနေ့နံနက်ပိုင်းတွင် ဗန်းမော် မြို့ရှိ နှစ် (၂၀၀၀ ) နှစ်ခြင်းတိုက်ပွဲရှောင် စခန်း၌ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံသည်။
မေးမြန်းဆွေးနွေး
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မူလနေရပ်ကျေးရွာများသို့ ဂုဏ် သိက္ခာရှိရှိ လုံခြုံစွာဖြင့် ပြန်လည် အခြေချ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေး နေမှုများ၊ လတ်တလောဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ ရေတို/ရေရှည် စီမံချက်ချမှတ် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြား ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များနှင့် အခက်အခဲများ ကို မေးမြန်းဆွေးနွေးသည်။
ထို့နောက် ဗန်းမော်မြို့နယ် အတွင်းရှိ လီဆူ၊ နှစ်(၂၀၀၀)၊ ရောဘတ်၊ ထွယ်ဆန်၊ နှစ်ခြင်း (မူရင်း)နှင့် ဖန်ခါးကုန်း တိုက်ပွဲရှောင်စခန်း များရှိ အိမ်ထောင်စု ၁၁၇၂ စုမှ လူဦးရေ ၆၇၅၈ ဦးအတွက် ရိက္ခာဖိုး ငွေကျပ် ၆၀၈၂၂၀ဝ ၊ မွေးကင်းစ ကလေးငယ် ၃၄ ဦးအတွက် တစ်ဦး လျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် ငွေကျပ် ၁၀၂ဝဝဝဝ ကို ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက စခန်း တာဝန်ခံများထံ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် မိုးမောက်မြို့ RC Camp ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံ ပြီး စခန်းအတွင်းနေထိုင်မှုနှင့် လိုအပ် ချက်များ၊ မိမိတို့၏ဆန္ဒနှင့်အညီ ဂုဏ်သိက္ခာရှိစွာဖြင့် မူလနေရပ်များ သို့ ပြန်လည်အခြေချ နေထိုင်ရေး များကို ညှိနှိုင်းဆွေးနွေးပြီး RC ၊ နှစ်ခြင်းနှင့် မန္တလေးကျောင်းတို့ရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု ၆၆၇ စု၊ လူဦးရေ ၃၂၂၇ ဦးအတွက် ငွေကျပ် ၂၉၀၄၃ဝဝ ၊ မွေးကင်းစ ကလေးငယ် ၁၆ ဦး၊ ကိုယ်ဝန်ဆောင် မိခင် ကိုးဦးနှင့် သက်ကြီးဘိုးဘွား ၁၁ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝ နှုန်းဖြင့် ငွေကျပ် ၁၀၈ဝဝဝဝ ကို စခန်းတာဝန်ခံများထံ ပေးအပ် သည်။
ဆောင်ရွက်ပေးသွားမည်
မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာရသူများ(IDPs) ပြန်လည်နေရာချထားမှု အကောင် အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်း အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် ပြည်သူများ လုံခြုံစိတ်ချစွာ နေရပ်ပြန် နိုင်မည့် ဦးစားပေးနေရာများ ရွေးချယ်၍ ပြောင်းရွှေ့ပေးရေးသည် ပထမဦးစားပေး ဖြစ်ပါကြောင်း၊ အခြေခံ လိုအပ်ချက်များဖြစ်သည့် နေအိမ်များ ဆောက်လုပ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ မိုင်းရှင်းလင်း ရေး၊ လယ်ယာမြေများ ပြန်လည် ဖော်ထုတ် ပေးရေးနှင့် အသက်မွေး ဝမ်း ကျောင်းလုပ်ငန်းများ ဆောင်ရွက် ပေးရေးတို့ကို ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ လုံခြုံစိတ်ချ စွာ နေရပ်ပြန်နိုင်ရေးအတွက် ၎င်း တို့၏ဆန္ဒကို သိရှိနိုင်ရန်အတွက် နေရပ်ပြန်ပြီးသူများ၏ ကျေးရွာများ နှင့် တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူ များကို တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့၏ တင်ပြချက်အရ လုံခြုံရေး၊ နေအိမ် ဆောက်လုပ်ပေးရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး စသည်တို့ကို ဆက်လက်ကူညီ ပံ့ပိုး သွားမည့်အပြင် UN/INGO ၊ Red Cross Movement တို့နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
ပြန်လည်ရှင်းလင်း
ထို့နောက် ကချင်တိုက်ပွဲရှောင် များ နေရပ်ပြန်ရေးကူညီဆောင်ရွက်ပေးနိုင်ရန် ကချင်ဘာသာရေး ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထား သော Kachin Humanitarian Concern Committee(KHCC)မှ ဖာသာရ် နောဧနော်လတ်၊ မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း၊ UNOCHA ၊ UNHCR နှင့် ICRC တို့မှ ကိုယ်စား လှယ်များက ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ သတင်းစဉ်

No comments:

Post a Comment