Tuesday, October 22, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ




Image may contain: 3 people, people smiling, people standing and suit
ရန်ကုန် အောက်တိုဘာ ၂၁



 

အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက် ခဲ့သည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်တွင် အင်ဒို နီးရှား နိုင်ငံ ဂျကာတာမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ကြသည်။
ပို့ဆောင်နှုတ်ဆက်
ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အင်ဒိုနီးရှား နိုင်ငံ နိုင်ငံရေး၊ ဥပဒေရေးရာနှင့်လုံခြုံရေးဝန်ကြီး၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. TeukFaizasyahနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးမင်းလွင်နှင့်ဇနီး၊ မြန်မာ စစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့်ဇနီး၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများက ဆိုကာ နိုဟတ္တ အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာအီဇာဖာဒရီ နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment