Sunday, October 20, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့ ကိုရီးယားသမ္မတနိုင်ငံမှ ပြန်လည်ရောက်ရှိ




Image may contain: 6 people, people smiling, people standing, suit and indoor
ရန်ကုန်‌ အောက်တိုဘာ ၁၉




နှစ်(၃၀)ပြည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ် အဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာနတို့မှ ပူးပေါင်းပြုလုပ်သော ASEAN-Korea Train အစီအစဉ်သို့ တက်ရောက်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆန်းဟွာနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ (ဝဲပုံ)
ပြည်ထောင်စုဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသော ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ဒေါ်ချောချောစိန်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် မျိုးထွဋ်နိုင် (ခ) ခါရာ၊ ဧရာဝတီ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် ဦးမျိုးသူရကိုကိုနှင့် မန္တလေးတိုင်း ဒေသကြီး လူငယ်ရေးရာကော်မတီဝင် သန့်လွင်ဦး(ခ)စူးရှရှင်းသန့်တို့လည်း ပြန်လည်လိုက်ပါလာကြသည်။ သတင်းစဉ်

No comments:

Post a Comment