Monday, October 21, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲ အခမ်းအနား တက်ရောက်ရန် ဂျပန်နိုင်ငံသို့ ရောက်ရှိ





တိုကျို အောက်တိုဘာ ၂၀


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန် အစိုးရ၏ ဖိတ်ကြားချက်အရ ဂျပန် ဧကရာဇ် နာရူဟီတို၏ ထီးနန်း တက်ပွဲအခမ်းအနားသို့ တက်ရောက် ရန် ယနေ့နံနက် ၈ နာရီခွဲတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာရာ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr . Ichiro Maruyama နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
လိုက်ပါ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ သွားကြသည်။
ရောက်ရှိ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ထိုင်းနိုင်ငံ ဗန်ကောက် မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ဇနီး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် မြန်မာသံရုံးနှင့် စစ်သံရုံး တို့မှ တာဝန်ရှိသူများက သုဝဏ္ဏဘူမိ အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ထိုင်းလေကြောင်းလိုင်းဖြင့် ဆက်လက် ထွက်ခွာရာ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၅၀ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိကြ သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့အား ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် Mr. Hiroto Izumi ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး တင်စိုး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာသံရုံး နှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ နှင့် သံရုံးမိသားစုများက Haneda အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ခေတ္တတည်းခိုမည့် တိုကျိုမြို့ရှိ The Imperial Hotel သို့ ရောက်ရှိ ကြသည်။
သတင်းစဉ်

No comments:

Post a Comment