Sunday, October 20, 2019

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဂျကာတာမြို့သို့ရောက်ရှိ




ဂျကာတာ အောက်တိုဘာ ၁၉





 

အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့မှ ဂျကာတာမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ဒုတိယသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ အီဇာဖာဒရီနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဒုတိယသမ္မတနှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့သို့ရောက်ရှိကြရာ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဝန်ကြီး Mr. Bambang P.S.Brodjonegoro နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်ဧ၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်နှင့် ဇနီး၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဖြိုးဇော်စိုးနှင့် ဇနီး၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ ရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများ က ဆိုကာနိုဟတ္တ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။
ရောက်ရှိ
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ဂျကာတာမြို့ရှိ Mandarin Oriental Hotel သို့ ရောက်ရှိကြသည်။
ရင်းရင်းနှီးနှီးတွေ့ဆုံ
ထို့နောက် ဒုတိယသမ္မတသည် Mandarin Oriental Hotel ၌ အင်ဒို နီးရှား နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး၊ အာဆီယံဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်၊ စစ်သံမှူး နှင့် သံရုံး၊ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေကြသည့် မြန်မာလူမှု အသိုက်အဝန်းတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတသည် မြန်မာသံအမတ်ကြီး တည်ခင်းဧည့်ခံ သည့် ညစာစားပွဲသို့ တက်ရောက် သည်။ သတင်းစဉ်

No comments:

Post a Comment