Wednesday, October 30, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




Image may contain: 4 people, people sitting and indoor
နေပြည်တော် အောက်တိုဘာ ၂၉




ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း မဟာမင်္ဂလာ၊ ရွှေထီးတော်တင်မဟာမင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေးဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ထာဝရငြိမ်းချမ်းရေး စေတီတော်မြတ်ကြီး မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်အထမြောက် စေရန် တာဝန်ယူထားသည့် လုပ်ငန်းဆောင်တာများကို လစ်ဟာမှုမရှိစေရေး ကုသိုလ်ယူ ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်မှုလုပ်ငန်းများနှင့် မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာအခမ်းအနားများ ကျင်းပရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သံဃာတော်များပင့်လျှောက်ရေး၊ ဖိတ်ကြား ရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင် ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်း ရေး ဆပ်ကော်မတီ၊ လုပ်ငန်းနှင့်စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ ဦးစီးကော်မတီဥက္ကဋ္ဌက တင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment