Wednesday, October 30, 2019

(၉၆)နှစ်မြောက် တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲ ကျင်းပ




Image may contain: 4 people, people smiling, people standing, suit, wedding and indoor
ရန်ကုန် အောက်တိုဘာ ၂၉


 

(၉၆)နှစ်မြောက် တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဇနီးတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သီချင်းနှင့် တူရကီ နိုင်ငံတော် သီချင်းတို့ဖြင့် အခမ်းအနား ကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံ သံအမတ်ကြီး Mr. Haydar Kerem Divanlioglu နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က နှုတ်ခွန်းဆက် စကားပြောကြားကြပြီး (၉၆)နှစ် မြောက် တူရကီသမ္မတနိုင်ငံ တည်ထောင်သည့်နေ့ အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်။
ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ သံအမတ်ကြီးနှင့် ဇနီးတို့က တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက် ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက် လာကြသူများအား သံအမတ်ကြီးနှင့် ဇနီးတို့က ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန် မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။ သတင်းစဉ်

No comments:

Post a Comment