Wednesday, October 23, 2019

မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် နိုင်ငံတကာ ကုမ္ပဏီများမှ ပိုမို ရင်းနှီးမြှုပ်နှံနိုင်ရေးဆွေးနွေး




Image may contain: 2 people, people sitting
နေပြည်တော် အောက်တိုဘာ ၂၂ 



 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စတေ နိုင်ငံသံအမတ်ကြီး မစ္စတာ ဂျိုအာ ဖရိ တက်စ်ဒီ ကမ်မရာ အား ယနေ့မွန်းလွဲ ၃ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချမှတ်ဆောင် ရွက်နေသည့် အစီအမံအတွေ့အကြုံများနှင့်ပတ်သက်၍ နှစ်ဖက်အတွေ့ အကြုံများမျှဝေခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ တွင် နိုင်ငံတကာကုမ္ပဏီများမှ ပိုမို ရင်းနှီးမြှုပ်နှံနိုင်ရေး၊ အနာဂတ်တွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား Privatization သို့ တဖြည်းဖြည်း ပြောင်းလဲနေမှုများနှင့် ပတ်သက် သည့် အတွေ့အကြုံများ၊ ကုန်းတွင်းနှင့်ကမ်းလွန်ဒေသများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများတွင် တွေ့ကြုံရသည့် အခွင့်အရေးနှင့် စိန်ခေါ်မှုများ၊ Generation Mix အရ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ ဓာတ်အား ထုတ်လုပ်မှုအခြေအနေများ၊ သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ်ကဏ္ဍရှိအခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံ မှုအခြေအနေများအား ဆွေးနွေးခဲ့ ကြသည်။ သတင်းစဉ်

No comments:

Post a Comment