Wednesday, October 23, 2019

ဗဟိုအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ (၃/၂၀၁၉) ကြိမ်မြောက်စည်းဝေး




Image may contain: 4 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၂



 

ဗဟိုအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ (၃/၂၀၁၉) ကြိမ်မြောက် အစည်းအဝေး ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၇) အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အခမ်းအနားတွင် ဗဟိုအသေး စား၊ အငယ်စားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက MSME Agency အနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ် MSME Agency များနှင့်ပူးပေါင်း၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးများ၊ Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ များကို ကျင်းပလျက်ရှိပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် Action Plan ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ MSME Agency အနေဖြင့် ဒေသတွင်း ထုတ်ကုန်ပြပွဲ ပြိုင်ပွဲများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ MSME ထုတ်ကုန် များမှာ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်လာနိုင်သည်ကို တွေ့ရပါ ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟို MSME Agency နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် MSME Agency များ ပူးပေါင်းပံ့ပိုးမှု အခြေအနေများနှင့် စပ်လျဉ်း၍ “1st Annual Conference of MSME Agency and Launching Ceremory of Regional MSME Action Plans in States and Regions” ကို ကျင်းပရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါအခမ်း အနားတွင် ၂၀၁၈ ခုနှစ်မှစ၍ ယနေ့ထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များ MSME Action Plan များအရ အကောင်အထည်ဖော် ဆောင်ရွက်မှု များ၊ ရရှိလာသည့် Issue များကို ညှိနှိုင်းဆွေးနွေး၍ MSME လုပ်ငန်း ဥက္ကဋ္ဌ၊ ဒုတိယသမ္မတထံသို့ တင်ပြ ရန် စီစဉ်ဆောင်ရွက်ထားကြောင်း၊ MSME လုပ်ငန်းများတွင် MSME Logo အသုံးပြုနိုင်ရေးအတွက် MSME Logo ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုရ MSME Logo ကို တရားဝင်အသိအမှတ်ပြု အသုံးပြုနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့အတူ MSME လုပ်ငန်း များကို ပံ့ပိုးပေးနိုင်ရန်အတွက် Seed Fund ထူထောင်ပေးရန်အတွက် လည်း MSME ရန်ပုံငွေ စီမံခန့်ခွဲမှု အဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့ဝင် များအနေဖြင့် တတ်စွမ်းသလောက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေး ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက် လာသူများက MSME အေဂျင်စီ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ လိုအပ်ချက်များ၊ Re-gistration ဆိုင်ရာကိစ္စရပ်များ၊ FDA ဆိုင်ရာကိစ္စရပ်များ၊ ဓာတ်ခွဲခန်း ဆိုင်ရာကိစ္စရပ်များ၊ ရှေ့ဆက် ဆောင် ရွက်ရမည့် အစီအစဉ်များအား ဆွေးနွေးတင်ပြကြရာ တင်ပြချက် များအပေါ် အေဂျင်စီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးက ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် သည်။ သတင်းစဉ်

No comments:

Post a Comment