Wednesday, October 23, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် BBC မှ သတင်းနှင့်မျက်မှောက် ရေးရာ ညွှန်ကြားရေးမှူးနှင့် BBC Media Action ၏ အမှုဆောင် ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် NTEGRATOR Private Limited မှ Managing Director နှင့်အဖွဲ့တို့အား သီးခြားစီလက်ခံတွေ့ဆုံ




Image may contain: 7 people, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၂




ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် BBC မှ သတင်းနှင့်မျက်မှောက်ရေးရာ ညွှန်ကြားရေးမှူး Ms.Francesca Unsworth နှင့် BBC Media Action ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Caroline Nursey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် လည်းကောင်း၊ NTEGRATOR Private Limited မှ Managing Director ဖြစ်သူ Mr.Jimmy Chang နှင့်အဖွဲ့အား မွန်းလွဲ ၃ နာရီတွင် လည်းကောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်
BBC မှ သတင်းနှင့်မျက်မှောက်ရေးရာ ညွှန်ကြားရေးမှူးနှင့် BBC Media Action ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် BBC Media Actionတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ထုတ်လွှင့် သွားမည့်အစီအစဉ်များ၊ ပြောင်းလဲလာသည့်မီဒီယာခေတ်ရေစီးကြောင်းအရ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု(Media and Infor-mation Literacy)အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အရေးကြီးပုံ တို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
NTEGRATOR Private Limited မှ Managing Director အဖွဲ့နှင့်တွေ့ဆုံ စဉ် နိုင်ငံတစ်ဝန်းရှိ ခရိုင်နှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စာကြည့်တိုက်များနှင့် ရုံးများတွင် ကွန်မြူနတီစင်တာ တည်ဆောက် ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။ သတင်းစဉ်

No comments:

Post a Comment