Sunday, October 20, 2019

ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲကျင်းပ




နေပြည်တော် အောက်တိုဘာ ၁၉




ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းဆိုင်ရာ နည်းပညာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
ရလဒ်ကောင်းများရရှိရေး
အလုပ်ရုံဆွေးနွေးပွဲတွင် ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ၁၈၉၉ ခုနှစ် မှ စတင်ပြီး ရွှေသင်္ကန်းတော် ကပ်လှူ ပူဇော်ခဲ့ပါကြောင်း၊ ၁၉၈၀ - ၁၉၈၁ ခုနှစ်မှစတင်၍ ရွှေသင်္ကန်းတော်များ ၏ တည်မြဲမှုကာလအပေါ် မူတည်ပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ငါးနှစ်တစ်ကြိမ် ရွှေစင်ရွှေပြားနှင့် မျက်ပါးရွှေများ ကပ်လှူပူဇော်ခဲ့ပါ ကြောင်း၊ ရွှေစင်ရွှေသားများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်နှင့် အလှူရှင်များ လှူဒါန်းထားသော ရွှေစင်ရွှေပြားများ အရည်အသွေးမြင့်မားပြီး သက်တမ်း ရှည်ကြာတည်တံ့စေရန် ရည်မှန်းချက် တို့ဖြင့် ရွှေစင်ပြား၊ ရွှေလွှာတင်နှင့် ရွှေမျက်ပါးတို့၏ နည်းစဉ်များ၊ ၎င်းတို့ကို ကပ်သည့်ကော်နှင့် ပတ်သက်၍ သုတေသနပြုလုပ်နိုင်ရန် အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့ ပူးပေါင်းပြီး ယခုအလုပ်ရုံဆွေးနွေး ပွဲကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တက်ရောက် လာကြသည့် ပြည်တွင်း ပြည်ပ ပညာရှင်များ၊ စာတမ်းရှင်များနှင့် သက်ဆိုင်ရာ နယ်ပယ်အလိုက် လုပ်ငန်းရှင်များအနေဖြင့် ရွှေသင်္ကန်း တော်ကပ်လှူခြင်းဆိုင်ရာ နည်းပညာ ရပ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းဖြင့် ရလဒ်ကောင်းများ ရရှိအောင် ဦးတည်ကြိုးပမ်း ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးထွန်းက ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား ကပ်လှူပူဇော်မှု အခြေအနေနှင့် ဘယ်လ်ဂျီယံနိုင်ငံမှ Professor Herman Terryn က Making Use of advanced anal-ytical tools to understand degra-dation of metals in cultural heritage ခေါင်းစဉ်တို့ ဖြင့် ဆွေးနွေး ပြောကြားကြပြီး ပြည်တွင်း ပြည်ပ ပညာရှင်များက ရွှေတိဂုံစေတီတော် ရွှေသင်္ကန်း ကပ်လှူခြင်းဆိုင်ရာ နည်းပညာရပ်များကို ဆွေးနွေး တင်ပြကြသည်။
နည်းပညာများရရှိရန်
ရွှေတိဂုံ စေတီတော်မြတ်ကြီး ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်နိုင်ရေး ရွှေသင်္ကန်း ကပ်လှူခြင်းဆိုင်ရာ နည်းပညာများ ဖလှယ်နိုင်စေရန်၊ ပြည်တွင်း ပြည်ပမှ ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ဆက်နွှယ်သည့် သိပ္ပံနှင့် နည်းပညာရပ်များတွင် ဘာသာရပ်အလိုက် ကျွမ်းကျင်သူ ပညာရှင်များ၏ စာတမ်းဖတ်ကြား ဟောပြောဆွေးနွေး ပို့ချမှုများကို ကြားနာခွင့်ရရှိစေရန်၊ ရွှေတိဂုံစေတီ တော်မြတ်ကြီးကို ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အထောက်အကူ ဖြစ်စေသော နည်းပညာများရရှိစေရန် ရည်ရွယ်ချက်များဖြင့် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးစီးပြီး ပညာရေးဝန်ကြီးဌာနနှင့် စက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်း၍ နည်းပညာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ပညာရှင်များ တက်ရောက်ကြ သည်။
သတင်းစဉ်

No comments:

Post a Comment