Wednesday, October 23, 2019

မြန်မာနိုင်ငံအမျိုးသားအဆင့် မြို့ပြမူဝါဒမဟာဗျူဟာရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ




Image may contain: 5 people, people standing, people sitting, table and indoor
နေပြည်တော် အောက်တိုဘာ ၂၂




ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုလ သမဂ္ဂ မြို့ပြအခြေချနေထိုင်မှုများ အစီအစဉ် (UN-Habitat)တို့ ပူးပေါင်း ကျင်းပသည့် မြန်မာနိုင်ငံအမျိုးသား အဆင့် မြို့ပြမူဝါဒမဟာဗျူဟာ ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
ဦးစားပေးထား
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မြန်မာနိုင်ငံတွင် အမျိုးသားမြို့ပြမူဝါဒ အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ မှ စတင်ခဲ့ပြီး မူဝါဒဖော်ဆောင်ခြင်း အား အရေးပါသော နယ်ပယ်ဧရိယာ (၅)ခုကို ဦးစားပေးထားပါကြောင်း၊ ယခင်ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲများမှ ရလဒ်များကို အခြေခံ၍ မူဝါဒဦးစားပေးဧရိယာ (၃)ခုကို မူဝါဒမူဘောင်တွင် ထပ်မံ ထည့်သွင်းထားပါကြောင်း။
ယင်းဦးစားပေးဧရိယာများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်း(MSDP)၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မြန်မာနိုင်ငံအိမ်ရာနှင့် ပတ်သက်သည့် မူဝါဒတို့သည် ဦးစားပေးဧရိယာများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသား မြို့ပြမူဝါဒသည် နိုင်ငံ၏ မြို့ပြစီမံကိန်း ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းတွင် အရေးပါသောမူဝါဒဆိုင်ရာ စာတမ်း တစ်စောင်ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံ အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်၍ အလုံးစုံပါဝင်သည့် အနာဂတ်မြို့ပြ ဖြစ်ထွန်းလာနိုင်စေ ရန်အတွက် လမ်းကြောင်းတစ်ရပ် ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် UN-Habitat ၏ Country Program Manager, Mr. Bijay Karmacharya က နှုတ်ခွန်း ဆက်စကားပြောကြားပြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေး မြင့်က မြန်မာနိုင်ငံအမျိုးသားအဆင့် မြို့ပြမူဝါဒ မဟာဗျူဟာရေးဆွဲရေး ဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြ သူများက မဟာဗျူဟာရေးဆွဲရာ တွင် ပါဝင်သည့် ဦးစားပေးဧရိယာ (၅)ခုအပေါ် ဆွေးနွေးကြပြီး ဆွေးနွေး ချက်ရလဒ်များကို ပြန်လည်ရှင်းလင်း တင်ပြကြရာ တာဝန်ရှိသူများက ထပ်မံထည့်သွင်းရေးဆွဲမည့် ဦးစား ပေးဧရိယာ(၃) ခုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် UN-Habitat ၏ Country Program Manager, Mr. Bijay Karmacharya က မြန်မာနိုင်ငံ အမျိုးသားအဆင့် မြို့ပြမူဝါဒ မဟာ ဗျူဟာရေးဆွဲရေး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးလှကျော်၊ ဒေါက်တာ ရဲမြင့်ဆွေ၊ ဒေါက်တာ ထွန်းနိုင်နှင့် ဦးစိုးအောင်၊ အမျိုးသား မြို့ပြကော်မတီအဖွဲ့ဝင်များနှင့် ပညာ ရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အဆိုပါ မြန်မာနိုင်ငံ အမျိုးသား အဆင့် မြို့ပြမူဝါဒမဟာဗျူဟာ ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်အထိ ကျင်းပ သွားမည်ဖြစ်သည်။ သတင်းစဉ်

No comments:

Post a Comment