Thursday, October 17, 2019

ပြည်သူ့ကျန်းမာရေးသင်တန်းကျောင်း(လယ်ဝေး) နှင့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနစီမံကိန်းမြေနေရာတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကြည့်ရှုစစ်ဆေး




Image may contain: 4 people, people standing, wedding and outdoor
နေပြည်တော် အောက်တိုဘာ ၁၆




ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ လယ်ဝေးကျန်းမာရေး သင်တန်း ကျောင်းကို ကြည့်ရှုစစ်ဆေးသည်။
ဖွင့်လှစ်သင်ကြားနိုင်ရန် စီစဉ်
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့် ကပ်ရောဂါဗေဒ မဟာ သိပ္ပံဘွဲ့ [M.Sc (Epidemiology)] သင်တန်းကို ၂၀၂၀ ခုနှစ်တွင် စတင် ဖွင့်လှစ်သင်ကြားနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊ ကပ်ရောဂါ ဗေဒ မဟာသိပ္ပံဘွဲ့ [M.Sc (Epide-miology)] သင်တန်းအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲလျက် ရှိရာတွင်လည်း လက်တွေ့လုပ်ငန်း အတွေ့အကြုံရှိသည့် ပညာရှင်များက ပါဝင်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အဆိုပါ သင်တန်းအပါအဝင် ဝန်ကြီးဌာနရှိ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်း များကို ဤသင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် လိုအပ်သည် များကို တင်ပြရန် ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည် များ ပံ့ပိုးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြန်မာနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) တည် ဆောက်မည့် စီမံကိန်းမြေနေရာသို့ ကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတကာအဆင့်မီ ဆောင်ရွက်
နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဧက ၂၀ ကျယ်ဝန်းသော မြေနေရာတွင် မြန်မာနိုင်ငံ ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (Myanmar Center for Disease Control) နှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း (Me-dical Training Center) ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ ပံ့ပိုးမှုဖြင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေး ဆိုင်ရာ ဓာတ်ခွဲခန်းကြီးများ၊ ရောဂါ ထိန်းချုပ်ရေးဌာနများ၊ သင်ကြား လေ့ကျင့်ရေးခန်းမများ၊ သင်တန်း သား ကျောင်းသူအဆောင်များ၊ စားသောက်ဆိုင် (canteen)များ၊ ရုံးအဆောက်အဦများ စသည်တို့ ပါဝင်မည့်အပြင် ရောဂါစောင့်ကြပ် ကြည့်ရှုထောက်လှမ်းခြင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာ သုတေသန လုပ်ငန်းများနှင့် ကျန်းမာရေးဆိုင်ရာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများ ကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment