Thursday, October 17, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ASEAN-Korea Train ခရီးစဉ်စတင်သည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်



Image may contain: 18 people, people smiling, people standing
ဆိုးလ် အောက်တိုဘာ ၁၆


အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ နယ်ပယ်စုံမှ ကိုယ်စားလှယ်များ ပါဝင်သည့် ASEAN-Korea Train ခရီးစဉ် စတင်သည့် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ဆိုးလ်ဘူတာရုံ၌ ကျင်းပ သည်။
တက်ရောက်
ASEAN-Korea Train ခရီးစဉ် ဖွင့်ပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတ နိုင်ငံ အသေးစား အလတ်စားနှင့် ပြည်သူ့ပျိုးထောင်မှု ဝန်ကြီးဌာန ဝန်ကြီး Mrs. Park Young Sun ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ကိုရီးယားသမ္မတနိုင်ငံ New Southern Policy Committee ဥက္ကဋ္ဌ Mr. Joo Hyung Chul ၊ ASEAN-Korea Centre မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Lee Hyuk ၊ ASEAN-Korea Mission မှ သံအမတ်ကြီး Mr. Lim Sungnam ၊ ASEAN-ROK Commemorative Summit Preparatory Office မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Suh Jeong In ၊ Yeongdong County မြို့တော်ဝန် Mr. Park Se Bok နှင့် တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးများနှင့် သံအမတ်ကြီး များ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသန့်စင်၊ ASEAN-China Centre မှ အထွေထွေအတွင်းရေးမှူး Mr. Chen Dehai ၊ ASEAN-Japan Centre မှ အထွေထွေအတွင်းရေးမှူး Mr. Mas-ataka Fujita ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ ညွှန်ကြား ရေးမှူး Mr. Tran Phuong နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရည်မှန်းချက်များပြောကြား
ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယား သမ္မတနိုင်ငံ အသေးစား အလတ်စား နှင့် ပြည်သူ့ပျိုးထောင်မှုဝန်ကြီးဌာန ဝန်ကြီး Mrs. Park Young Sun နှင့် ကိုရီးယားသမ္မတနိုင်ငံ New Sou-thern Policy Committee ဥက္ကဋ္ဌ Mr. Joo Hyung Chul တို့က ခရီးစဉ်အကြောင်း၊ ရည်ရွယ်ချက်နှင့် ခရီးစဉ်မှ ရရှိလာမည့် အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်များကို ပြောကြား ကြသည်။
ထူးခြားလှသည့် အောင်မြင်မှု
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အမှာစကားပြောကြား ရာတွင် 30th Anniversary of ASEAN -Korea Dialogue Relations နှင့် 2019 ASEAN- ROK Commen-orative Summit ကဲ့သို့ ထင်ရှား လှသော အခမ်းအနားကြီးကို တက်ရောက်ခွင့်ရအောင် ဖိတ်ကြား သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ အာဆီယံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်မှစတင်ပြီး အရေး ကြီးသည့် မိတ်ဖက်နိုင်ငံများအဖြစ် တစ်နိုင်ငံနှင့် တစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်လာခဲ့သကဲ့သို့ တစ်နှစ်ထက်တစ်နှစ်လည်း ပိုမို ပူးပေါင်းဆောင်ရွက် လာနိုင်ခဲ့ပါ ကြောင်း၊ အခြားသော ကဏ္ဍများ တွင်လည်း ပူးပေါင်းဆောင်ရွက်မှု များ တိုးတက်လာခဲ့ခြင်းသည် အာဆီယံနှင့် ကိုရီးယားဒေသကြီး နှစ်ခု၏ ထူးခြားလှသည့် အောင်မြင် မှုပင် ဖြစ်ပါကြောင်း။
ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့
ယခုကဲ့သို့ တည်ရှိပြီးဖြစ်သည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံ ရေးသည် သမ္မတ မွန်ဂျေအင်း လက်ထက်၌ စတင်သော လူထု၊ ကြွယ်ဝချမ်းသာမှု၊ ငြိမ်းချမ်းရေး ဆိုသည့် မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ဆောင် ရွက်နိုင်ရေးဆိုသော တောင်ပိုင်း ဆိုင်ရာ မူဝါဒသစ် (Southern Policy) ကြောင့်လည်း ပူးပေါင်းဆောင်ရွက် မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဘုံဦးတည်ချက် ပန်းတိုင်ဆီ
အခြားတစ်ဖက်မှ ပြောရမည် ဆိုလျှင်လည်း ယခုလို စီစဉ်ပေးသည့် မီးရထားခရီးစဉ်သည် မိမိတို့၏ နက်နဲခိုင်မြဲသည့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ၊ မိတ်ဖက်ဆက်ဆံ ရေးများ၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်နားလည်မှု၊ ပြည်သူ များအချင်းချင်း ယဉ်ကျေးမှုနှင့် အသိအမြင်ဖလှယ်ရေးများအတွက် သာမက လာမည့်အနာဂတ်တွင် ပိုမို ငြိမ်းချမ်းသာယာပြီး ကြွယ်ဝချမ်းသာ သည့် ဘုံဦးတည်ချက် ပန်းတိုင်ဆီသို့ လျှောက်လှမ်းနိုင်လိမ့်မည်ဟု မိမိ အနေဖြင့် ယုံကြည်ပါကြောင်း။
ယခုဆိုလျှင် ပြည်သူလူထု၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရပ် ဆိုင်ရာ ၊ အနုပညာ ၊ မီဒီယာကဏ္ဍနှင့် လူငယ်များအားလုံးကို ကိုယ်စားပြု သည့် မိမိတို့သည် ရထားပေါ်သို့ တက်ရောက်ရန် အဆင်သင့်ဖြစ်နေ ကြပြီဖြစ်ပါကြောင်း၊ ယင်းသည် အာဆီယံနှင့် ကိုရီးယားဒေသကြီး နှစ်ခုအတွက် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာမှုများကို တိုးမြှင့် နိုင်ရန်အတွက် အားလုံးပါဝင်မှု၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှု ၊ တန်းတူ ညီမျှမှုများ၏ အရေးပါပုံကို အထင် အရှား ပြသနေခြင်းပင် ဖြစ်ပါ ကြောင်း။
ကိုရီးယားသမ္မတ နိုင်ငံ၏ သာယာလှပသည့်မြို့ပြများ ပါဝင် သော အဓိပ္ပာယ်ပြည့်ဝလှသည့် အစီအစဉ်များကြောင့် မိမိတို့အားလုံး သည် ယခုဒီခရီးကို စတင်ရန် စိတ်လှုပ်ရှားနေကြမည်ဟု ယုံကြည် ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ASEAN - Korea Centre နှင့် ဤအစီအစဉ် ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီ ကြသူများအားလုံးကို ကျေးဇူးတင်ရှိ ပါသည်ဟု ထပ်လောင်းပြောကြား လိုပါကြောင်း ပြောကြားသည်။
ASEAN-Korea Train အစီအစဉ် သည် နှစ်(၃၀)ပြည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက် ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အာဆီယံ-ကိုရီးယား ဗဟိုဌာန တို့မှ ပူးပေါင်းပြုလုပ်သည့် ခရီးစဉ် ဖြစ်ပြီး အာဆီယံ-ကိုရီးယား မိတ်ဖက် ဆက်ဆံရေးကို ဒေသတွင်းရှိ ပြည်သူ များ သိရှိလာစေရန်၊ ASEAN-ROK Commemorative Summit အောင်မြင်စွာ ကျင်းပနိုင်စေရန်နှင့် 30th Anniversary of ASEAN-ROK Dialogue Relations ကျင်းပနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
အပြန်အလှန် ချိတ်ဆက်
ASEAN-Korea Train အစီအစဉ် တွင် အာဆီယံ-ကိုရီးယားရှိ ပြည်သူ များအချင်းချင်း ယဉ်ကျေးမှု၊ စီးပွား ရေး အပြန်အလှန် ချိတ်ဆက်မှုကို အခြေခံပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာ လာစေရန် မျှော်မှန်း၍ ယခုခရီးစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက် ခြင်း ဖြစ်သည်။
ပါဝင်ဆင်နွှဲ
ASEAN-Korea Train အစီအစဉ် တွင် အာဆီယံနိုင်ငံများ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အစိုးရအကြီး အကဲများ၊ အနုပညာရှင်များနှင့် လူငယ်ပြည်သူ စုစုပေါင်း ၂၀၀ ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
ASEAN-Korea Train ခရီးစဉ်မှာ Seoul, Gyeongju, Busan, Sancheon မြို့တို့သို့ မီးရထားဖြင့် လှည့်လည် သွားလာမည်ဖြစ်ပြီး ကိုရီးယားသမ္မတ နိုင်ငံ၏ အထင်ကရနေရာများ၊ အနုပညာဆိုင်ရာ ပြတိုက်များနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ နေရာ များသို့ သွားရောက်လေ့လာကြမည် ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment